
APM ၊ ဖေဖော်ဝါရီ ၈ / ၂၀၂၃
မြေပုံမြို့နယ် မြေပုံမြစ်ထဲ၌ ဒေနိ(ဖေဖော်ဝါရီ ၈ ရက်နိ)မိုးထစောစောက နာမည်မဟိသူ မျက်နှာစိမ်းနှစ်ဦးမှ ငါးရှာနီသူ ဒေသခံနှစ်ဦးကို သီနတ်ဖြင့် ပစ်ခတ်ခရာ ၁ ဦးသီဆုံးလားကြောင်း သိရသည်။
သီဆုံးလားသူမှာ မြေပုံမြို့နယ် ထူးချေရွာမှ ဦးမောင်ဆန်းညွန့် (၃၅ နှစ်)ဖြစ်သည်။
ဦးမောင်ဆန်းညွန့်သည် တရွာတည်းနီ မိတ်ဆွေဖြစ်သူ ဦးဇော်မင်းသိန်း (၂၆ နှစ်)နန့်အတူ ဒေနိမိုးထ ၄ နာရီခွဲခန့်က မြေပုံမြစ်ထဲဟိ သံသမမီးပြကျောက်ဆောင်နား၌ ကျောက်ကပ်ပိုက်ချနီစဉ် သီနတ်ကိုယ်စီကိုင်ဆောင်ထားသူနှစ်ဦးက ဘုတ်တစီးဖြင့်ရောက်ဟိလာပြီး ကမ်းသို့လိုက်ပို့ရန်ခိုင်းသဖြင့် လိုက်ပိုရာ၌ သီနတ်ဖြင့် ပစ်သတ်ခံခရခြင်း ဖြစ်သည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် ဦးမောင်ဆန်းညွန့်မှာ နီရာ၌ပင် ပွဲချင်းပြီးသီဆုံးလားပြီး ဦးဇော်မင်းသိန်းမှာတော့ မြစ်ထဲသို့ ခုန်ချထွက်ဗြီးလာသဖြင့် လွှတ်မြောက်လာခသည်။
ယင်းအပြင် ဦးမောင်ဆန်းညွန့်၏ရုပ်အလောင်းနန့် စက်လှီကိုလေ့ အဆိုပါ သီနတ်သမားနှစ်ယောက်က ယူဆောင်လားပြီး လက်ဟိအချိန်ထိ ပြန်လည်ရယူနိုင်ခြင်းမဟိကြောင်း သိရသည်။
ယင်းသီနတ်သမားနှစ်ဦးမှာ ဗမာစကားပြောပြီး၊ မည်သည့်အဖွဲ့အစည်းကဖြစ်ကြောင်းကိုမူ APM က ဆက်လက်စုံ စမ်းလျက် ဟိသည်။
