
APM ၊ ဖေဖော်ဝါရီ ၈ / ၂၀၂၃
မြန်မာစစ်တပ်က မတရားဖမ်းဆီးကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ၁၇(၁) နန့် တရားစွဲဆိုထားသည့် မင်းပြားမြို့နယ်က အပျော်တန်းဓာတ်ပုံဆရာအပါအဝင် ၃ ယောက်အမှုကို ဒေနိ(ဖေဖော်ဝါရီ ၈ ရက်နိ)တွင် ကျောက်တော်မြို့နယ်တရားရုံး ၌ ရုံးထုတ်ခကေလေ့ တရားလို မရောက်ဟုဆိုကာ မစစ်ဆီးဘဲ လာမည့် ဖေဖော်ဝါရီ ၂၂ ရက် နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
အဆိုပါ ၁၇(၁)နန့် တရားစွဲခံထားရသည့် ၃ ယောက်မှာ မင်းပြားမြို့နယ်က အပျော်တန်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ဦးမောင်စောသာ နန့် ကျောက်တော်မြို့ ကဝိရတနာ စစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်းရို့ ဖြစ်ကတ်သည်။
၎င်းရို့ ၃ ယောက်ကို ဒေနိမိုးထက ကျောက်တော်မြို့ နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ တရားလိုမရောက်ဟု အကြောင်းပြကာ မစစ်ဆီးဘဲ လာမည့် ဖေဖော်ဝါရီ ၂၂ ရက်နိကို ထပ်မံရုံးချိန်းလိုက်သည်ဟု မိသားစုဝင်များက ဆိုသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျုန်လအတွင်းက မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် ဦးစိုးမိုးကျော်၊ ဦးမောင်စောသာနန့် ဦးကျော်ဟိန်းကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခပြီး၊ ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇(၁) နန့်တရား စွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၃ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး၊ ယင်းသို့ တရားလို မရောက်၍ ရုံးချိန်းရွှိဆိုင်းခံနီရသည်မှာ ဒေဂုတကြိမ်နန့်ဆိုလျှင်(၈)ကြိမ်မြောက်ဟိနီပြီးဖြစ်ကြောင်း သိရသည်။
