
APM ၊ ဖေဖော်ဝါရီ ၈ /၂၀၂၃
တရုတ်နိုင်ငံက ခရီးသည်များအတွက် ဂျပန်နိုင်ငံမှ ချမှတ်ထားသည့် ကိုဗစ်စစ်ဆီးမှုများကို ဒေလတွင် ရပ်တန့်ရန် စီစဉ်နီသည်ဟု ဂျပန်နိုင်ငံပိုင်ရုပ်သံလိုင်း FNN က ဒေနိ(ဖေဖော်ဝါရီ ၈ ရက်နိ)တွင် ဖော်ပြထားချက်အရ သိရသည်။
ဆိုက်ရောက်ဗီဇာနန့် တရုတ်ခရီးသည်များအားလုံးအတွက် ကိုဗစ်စမ်းသပ်မှုအားလုံးကို ရပ်တန့်ရန် စီစဉ်နီပြီး လောလော ဆယ်တွင် ထိုင်းနန့်တရုတ်မှ ပထမဆုံးထွက်ခွာလာကတ်သည့် ခရီးလားများအတွက် ကိုဗစ်စစ်ဆီးမှုများ ပြုလုပ်ရန် လိုအပ်သိမ့်သည်ဟု ဆိုသည်။
တရုတ်သည် ၎င်းရို့နိုင်ငံသားများအား ကိုဗစ်စည်းကမ်းများခွဲခြားတင်းကျပ်ထားသည့် နိုင်ငံများအား လက်တုံ့ပြန်သည့်အနီနန့် ပြီးခသည့်လက တောင်ကိုရီးယားနန့် ဂျပန်နိုင်ငံသားများအတွက် ကာလတိုဗီဇာများ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခသည်။
တောင်ကိုရီးယားဝန်ကြီးချုပ် Han Duck-soo ကတော့ ကိုဗစ်ကူးစက်မှုများသက်သာလာပါက တရုတ်ခရီးသည်များအတွက်ချမှတ်ထားသည့် ၎င်းတို့၏ ကိုဗစ်ကန့်သတ်ချက်များကို သတ်မှတ်ချိန်ထက်စော၍ ရုတ်သိမ်းလားမည်ဟု ပြောကြားထားကြောင်း သိဟိရပါသည်။
Source – Japan to end blanket testing for all travellers from China upon arrival
Photo – CNA
