APM၊ နိုဗမ်ဘာ ၈/ ၂၀၂၃
၁၀၂၇ စစ်ဆင်ရီး (၁၂) ရက်တာကာလအတွင်း စစ်ကောင်စီ၏ စစ်ကောင်စီစခန်း ၁၅၀ လောက်ကို သိမ်းပိုက်ရဟိခကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဒေနိ(နိုဗမ်ဘာ ၈ ရက်နိ) ညဇာ ၆ နာရီ ၄၅ မိနစ်မာ ထုတ်ပြန်ပါရေ။
၁၀၂၇ စစ်ဆင်ရီး ဆင်နွှဲလာရေ (၁၂) ရက်မြောက်နိမာ ညီနောင်မဟာမိတ်တိရေ စစ်ကောင်စီ၏ စစ်သေနင်္ဂ ဗျူဟာအရ အရေးပါရေ ဗျူဟာကုန်းတိ၊ စခန်းကြီး၊ စခန်းငယ်တိ၊ ကာကင်းတိ၊ ရဲဖက်၊ အုပ်ချုပ်ရီးဖက်ဆိုင်ရာစခန်းတိနန့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းတိအပါအဝင် တပ်စခန်းစုစုပေါင်း (၁၅၀) လောက်ကို သိမ်းပိုက်ရဟိခစွာဖြစ်ပြီးကေ စစ်ဖက် ဆိုင်ရာလက်နက်ကြီးတိဖြစ်တေ သံချပ်ကာကားကြီး (၆) စီးနန့် ဟောင်ဝစ်ဇာလက်နက်ကြီးတိပါ သိမ်းဆည်း ရဟိခရေလို့ သိရပါရေ။
နိုဗမ်ဘာ ၇ ရက်နိ၊ စစ်ဆင်ရေး (၁၂) ရက်နိမာ ညီနောင်မဟာမိတ်(၃)ဖွဲ့ရေ စစ်ဆင်ရီးပစ်မှတ်တိထဲက စစ်ကောင်စီတပ်စခန်း တချို့ကို ဆက်လက်သိမ်းပိုက်ရဟိခရေလို့ ဆိုပါရေ။
နိုဗမ်ဘာ ၇ ရက်နိမာ ကိုးကန့်တပ်မတော် (MNDAA) ရေ ကိုးကန့်၊ တုန်းသျှမ်းဒေသဟိ စစ်ကောင်စီ၏ ပန်းဝါစခန်း ၊ ဟုန်သျှင်း (မော်ထိုက်) ဒေသ၊ ရှင့်ထန်ကျေးရွာအုပ်စု၊ တာကျိုင့်တောင်အောက်ခြီဟိ စစ်ကောင်စီတပ်စခန်း၊ ဟုန်သျှင်းဒေသဟိ ကော်ကြာတုနန့် သျှီးသျှမ်းဒေသ၊ မန်လော်ကျေးရွာအုပ်စု၊ တာပတုတံတား၏ တဖက်ခြမ်းမာဟိရေ ပန်လုံတောင်စခန်း စရေ စစ်ကောင်စီစခန်းတိကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခကြောင်း သိရပါရေ။
နိုဗမ်ဘာ ၇ ရက်နိ၊ မိုးထပိုင်းအချိန်မာ MNDAA ရေ စစ်ကောင်စီ၏ မုံးကိုးဗျူဟာကုန်းကို ခြီလျင်တပ်နန့် စတင် ထိုးစစ်ဆင်ခပြီး နိခင်း ၁၂ နာရီ ၄၀ အချိန်လောက်မာ အပြီးသတ်သိမ်းပိုက်နိုင်ခပနာ အဆိုပါစခန်းစွာ နိုဗမ်ဘာ ၅ ရက်နိ ကပင် ထိုးစစ်ဆင်တိုက်ခိုက်ခရာ ၃ ရက်တိုင်တိုင် မဟာမိတ်တပ်ဖွဲ့ဝင်တိ အသက်၊ သွီး၊ ချွေး၊ လုံ့လအားတိနန့် ပီးဆပ်ခရရေ စခန်းတခု ဖြစ်တေလို့ ဆိုပါရေ။
အလားတူ နိုဗမ်ဘာ ၇ ရက်နိမာ MNDAA ရေ သိန္နီခရိုင်၊ ဟိုပင်ကျေးရွာအုပ်စုဟိ စစ်ကောင်စီ၏ ၆၈ ဗျူဟာကုန်းမာ ကားရပ်နားရေနီရာ၊ အမြောက်စခန်း၊ မိုင်းတင်လက်ဖက်တောင်ကုန်းဟိ ရန်သူ့ စခန်း (၁) ၊ (၂) ၊ (၃) ၊ နန်ဖိုင်ကျေးရွာ အုပ်စုမာ ရန်သူစစ်ကောင်စီအခြီချတပ်စွဲထားရေ တပ်ရင်း (၂၉၁) နန့် ဟိုပင်ကျေးရွာအုပ်စုဟိ မာချီနောစခန်း စရေ စစ်ရီးအရ အရေးပါရေ ရန်သူ့စခန်းတိကို ဒရုန်းစစ်ဆင်ရီးနန့် ထိုးစစ်ဆင်တိုက်ခိုက်ခရေလို့ ဖော်ပြထားပါရေ။
ယင်းအပြင် နိုဗမ်ဘာ ၇ ရက်နိမာ MNDAA နန့် ဒေသလုံခြုံရီးတပ်ဖွဲ့ရို့ ပူးပေါင်းပြီးကေ မိုင်းပေါ်ဒေသဟိ စစ်ကောင်စီ၏ မိုက်ဖန်တပ်စခန်းကို အပြီးသတ်ချေမှုန်းသိမ်းပိုက်ခရေလို့ ဆိုပါရေ။
တချိန်တည်း နိုဗမ်ဘာ ၇ ရက်နိ၊ ညဇာ ၅ နာရီခွဲလောက်မာ တအာင်းတပ်မတော် (TNLA) နန့် MDY PDF ရို့ ပူးပေါင်းပြီးကေ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်အနားဝန်းကျင်ဟိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခရေလို့ သိရပါရေ။
အလားတူ ရက္ခိုင့်တပ်တော် (AA) ၊ ကချင်လွတ်မြောက်ရီးတပ်မတော် (KIA) နန့် ပြည်သူ့ကာကွယ်ရီးတပ်ဖွဲ့ဝင် PDF တိရေ စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့နယ်၊ ကောလင်းမြို့နယ် အပါအဝင် အဆိုပါမြို့နယ်တိနန့် ဆက်စပ်ဒေသတိမာ စစ်ဆင်ရီး ဆက်လက် ဖော်ဆောင်လျက်ဟိကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။