
APM ၊ အောက်တိုဘာ ၈ / ၂၀၂၃
ဒေနိ(အောက်တိုဘာ ၈ ရက်နိ) နိခင်း ၁၁ နာရီခွဲက ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ် ရထားဘူတာ စစ်ဖီးယှောင်စခန်းနားမာ စစ်ကျန်မိုင်းတလုံးပေါက်ကွဲမှုဖြစ်လို့ ၁၀ နှစ်အရွယ် စစ်ဖီးယှောင်အချေတယောက်သီဆုံးလားပြီးကေ နှစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရလားရေလို့ သိရပါရေ။
သီလားရေအချေမာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘုတ္တောရွာက ယိုးတရုပ်ရထားဘူတာ စစ်ဖီးယှောင်စခန်းသို့ လာရောက်ခိုလှုံနီကတ်တေ မောင်နေတိုဟိန်း(၁၀နှစ်) ဖြစ်ပြီးကေ ဒဏ်ရာရလားရေအချေနှစ်ယောက်မာ မောင်မျိုးဇော်ဟိန်း(၈ နှစ်)နန့် မောင်မျိုးချစ်ဦး (၆ နှစ်) ရို့ဖြစ်ကတ်ပါရေ။
ယင်းအချေ ၃ ယောက်စွာ စစ်ဖီးယှောင်စခန်းတောင်ဖက်ဘေးက မီးတိုင်နားမာ ကဇတ်နီယင်းနန့် မြီကိုတူးမိရာက မိုင်းကိုကျပြီးကေ ပေါက်ကွဲခစွာလို့ မျက်မြင်စစ်ဖီးယှောင်တယောက်ကပြောပါရေ။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် မောင်နေတိုဟိန်းစွာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတိရလားပနာ ယိုးတရုပ်ဆီးရုံသို့ အရောက်မာ သီဆုံးလားရေလို့ ဆိုပါရေ။
မောင်မျိုးဇော်ဟိန်းလည်း ခြီ၊လက်နန့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတိရလားပနာ ဒဏ်ရာပြင်းထန်လို့ စစ်တွေဆီးရုံကို ချက်ချင်းပို့ဆောင်လိုက်ရပြီးကေ မောင်မျိုးချစ်ဦးမာတော့ ယိုးတရုပ်ဆီးရုံမာ ဆီးကုသမှုခံယူနီရရေလို့ သိရပါရေ။
အဂု မိုင်းပေါက်ကွဲခရေ ယိုးတရုပ်ရထားဘူတာစစ်ဖီးယှောင်စခန်းမာ ၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲကာလက မြန်မာစစ်တပ်က ယာယီစခန်းချတပ်စွဲနီထိုင်ခဖူးရေလို့ သိဟိရပါရေ။
