APM ၊ အောက်တိုဘာ ၈ / ၂၀၂၃
ရက္ခိုင်ပြည်၊မင်းပြားမြို့နယ်၊ စွန်ရဲရွာမာ ဒေနိ(အောက်တိုဘာ ၈ ရက်နိ) မိုးထစောစော ၂ နာရီ ၃၀ မိနစ်မာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ဦးဆောင်ရေ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က မူးယစ်ဆီးဝါး အစိချေ ရောင်းဝယ် ဖြန့်ဖြူး သုံးစွဲရေလူတိကို စီနင်းဝင်ရောက်ပနာ အုပ်စုပြတ် ဖမ်းဆီးလိုက်ကြောင်း သိရပါရေ။
ယင်းသို့ဖမ်းဆီးရေခါ မူးယစ်ဆီးဝါး ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲလူ ၁၄ ယောက် ထက်မနည်းဖမ်းမိခပြီးကေ ၎င်းရို့နန့်တတူ မူးယစ်ဆီးဝါး အစိချေ အလုံး ၆၀၀ ကျော်ကိုပါ လက်ပူးလက်ကြပ် ဖမ်းမိခရေလို့ ဆိုပါရေ။
ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့စွာ မူးယစ်ဆီးဝါးနန့်ပတ်သက်လို့ ဖမ်းဆီးထားသူတိကို စုံစမ်းစစ်ဆီးနီပြီးကေ မင်းပြားအပါအဝင် တခြားမြို့နယ်ရို့က မူးယစ်ဆီးဝါး ရောင်းဝယ်လူတိ၊ ဖြန့်ဖြူးလူတိ၊ သုံးစွဲလူတိကို ဆက်လက် ပိုက်စိုက်တိုက် ရှာဖွီဖော်ထုတ်ဖမ်းဆီးပနာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်လားဖို့လို့လည်း ULA/AA တာဝန်ဟိသူတိက ပြောဆိုကတ်ပါရေ။
ရက္ခိုင်ပြည်မာ လူငယ်မျိုးဆက်သစ်တိ လူညွန့်တုံး၊ ဘဝပျက်၊ အနာဂတ်ပျောက်နီရမှု၊ သက်ငယ်မုဒိမ်းမှုအပါအဝင် လူမဆန်ရေ ရာဇဝတ်မှုတိထူပြောလာမှု၏ အဓိကလက်သည်တခုဖြစ်တေ မူးယစ်ဆီးဝါးအန္တရာယ်ကို အမြစ်ပြတ်ချေမှုန်းတိုက်ဖျက်ဖို့ အရက္ခပြည်သူလူထုတိက အထူးလိုလားနီကြောင်းလည်း သိဟိရပါရေ။