APM၊ အောက်တိုဘာ ၈/၂၀၂၂
ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ရွာမှ မူဆလင်တယောက်ကို စစ်ကောင်စီ၏ ခမရ (၂၁၀) တပ်ရင်းမှ ဒေနိ(အောက်တိုဘာ ၈ရက်နိ) မိုးထ ၉နာရီ၊ မိနစ် ၃၀ ခန့်က သီနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သတင်းရဟိသည်။
သီနတ်ဖြင့် ပစ်သတ်ခံရသူမှာ ဂူတာပြင်ရွာမှ အဖဦးနူရူအီစ္စလာမ်၏သား ဦးချေ့ကူလ်အီစ္စလာမ်၊ အသက်(၄၈)နှစ်ဖြစ်ပြီး၊ ဂူတာပြင် ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်ဒဏ်ရာဖြင့် သီဆုံးလားကြောင်း ဒေသခံများက ပြောသည်။
“ကျည်ဒဏ်ရာကရင်ဘတ်မှာကျစွာတခုတည်းပါ။ ရွာထဲမှာဟိရေ စစ်ကောင်စီတပ်က ပစ်လိုက်စွာပါ”ဟု ဒေသခံမူဆလင် တယောက် က ဆိုသည်။
သီဆုံးလားသူ ဦးချေ့ကူလ်အီစ္စလာမ်သည် စိမ်းညှင်းပြားရွာ၌ စစ်ဖီးယှောင်နီသူတယောက်ဖြစ်ပြီး ဒေနိမိုးထပိုင်းက ဆန်နန့် အဝတ် အထည်များယူရန်ဟုဆိုကာ ဂူတာပြင်ရွာဟိ ၎င်း၏နီအိမ်သို့ လားရောက်စဥ် စစ်ကောင်စီတပ်က ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ဒေနိမိုးထဖက်က သူ စိမ်းညှင်းပြားကနီ ဂူတာပြင်သို့ လားခပါရေ။ သူ့အိမ်က ဆန်နန့် အဝတ်စကေယူဖို့ ဆိုပြီးကေ ဆိုင်ကယ်နန့် ထွက် လားခစွာပါ။ အိမ်ကိုတော့ ရောက်ခရေ။ အိမ်ကအပြန် သောက်ရီကန်နားမှာ အပစ်ခံရစွာပါ။ ဂူတာပြင်ရွာထဲမှာက စာသင် ကျောင်းနန့် ဗလီမှာ ဗမာစစ်သားတိဟိရေ။ ယင်းသူရို့က ပစ်လိုက်စွာ”ဟု နောက်ထပ်ဒေသခံမူဆလင်တယောက်က APM သို့ ပြောကြားသည်။
သီဆုံးလားသူ ဦးချေ့ကူလ်အီစ္စလာမ်သည် စစ်တွေတက္ကသိုလ်မှ ရူပဗေဒ(မဟာဘွဲ့)ရတယောက်ဖြစ်ပြီး၊ ဂူတာပြင်နန့် ညောင်ချောင်း စာသင်ကျောင်းများ၌ စာသင်ကြားပီးနီခသူဖြစ်သည်။
၎င်းသည် ပြီးခသည့် ၂၀၁၆ ခုနှစ်က မူဆလင်အရေးလှုပ်ယှားသူတယောက်အဖြစ်စွပ်စွဲချက်ဖြင့် ဂူတာပြင်ရွာသား ၇ ယောက်နန့်အတူ စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခရပြီး ဘူးသီးတောင်ထောင်၌ တနှစ်နန့် သုံးလ အကျဉ်းချခံဖူးသူဖြစ်ကြောင်းလေ့ သိရသည်။
စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၁၀) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၄၀ ခန့်သည် စပ်တမ်ဘာလမှစ၍ ဂူတာပြင်ရွာ အတွင်းဟိ စာသင်ကျောင်းနန့် ဗလီများ၌ တပ်စွဲလှုပ်ယှားလျက်ဟိသည်။
စစ်ကောင်စီတပ်၏ ယင်းသို့စစ်ရီးလှုပ်ယှားမှုများကြောင့် ဂူတာပြင်ရွာ၊ တောင်ရွာ၊ သရက်တောင်ရွာနန့် နပျိုးချောင်းရွာမှ ဒေသခံ မူဆလင် ၁၄၀၀ရို့သည် ဘူးသီးတောင်မြို့နယ် စိမ်းညှင်းပြားရွာ ၊ဖိုးခေါင်ချောင်းရွာ၊ ကံပြင်ရွာ၊ ကန္ဒရွာ၊ ဖုံညိုလိပ်ရွာ၊ ဆီးအိုးကျရွာ၊ သီကံရွာ၊ ပြင်လှရွာနန့် သိမ်တောင်ရွာများဟိ နီးစပ်ရာဆွေးမျိုးများထံသို့ ပြီးခသည့် စပ်တမ်ဘာ ၂၄ ရက်နိမှစ၍ ခိုလှုံနီထိုင်လျက် ဟိသည်။
ယင်းအပြင် စစ်ကောင်စီတပ်၏ တင်ဆက်ရွာအခြီစိုက် ခမရ-၂၁၀တပ်ရင်း၊ ဒိုင်းနက်ပြင်ရွာအခြီစိုက် ခမရ(၂၀၉)တပ်ရင်းနန့် ဘူးသီး တောင် ဗျူဟာများမှ အဆိုပါရွာများအနီးတဝိုက်သို့ လက်နက်ကြီးများဖြင့် နိစဥ်နိတိုင်းပစ်ခတ်လျက်ဟိပြီး၊ အောက်တိုဘာ ၅ ရက်နိက လက်နက်ကြီးကျရောက်မှုကြောင့် တောင်ရွာမူဆလင်ရွာမှ နီအိမ်နှစ်လုံး မီးလောင်ခရသည်။
ဦးချေ့ကူလ်အီစ္စလာမ်၏ ရုပ်အလောင်းကို ဒေနိ၊ နိခင်း ၃ နာရီခန့်က စိမ်းညှင်းပြားသင်္ချိုင်း၌ မြီမြုပ်သင်္ဂြိုလ်လိုက်ကြောင်း မိသားစု ဝင်များက ပြောသည်။
၎င်းတွင် ဇနီး၊ သားသမီး ၄ ယောက် နန့် မြီး ၁ ယောက်ရို့ ကျန်ဟိခပြီး စိမ်းညှင်းပြားရွာ၌ စစ်ဖီးယှောင်အဖြစ် ခိုလှုံနီကတ်သည်ဟု သိရသည်။
ဒေဖြစ်ရပ်နန့်ပတ်သက်၍ ဂူတာပြင်ရွာမှ နီအိမ်သို့ ရောက်လာသည့် ဦးချေ့ကူလ်အီစ္စလာမ်ကို ရွာထဲ၌ဟိသည့် စစ်ကောင်စီတပ်မှ ရက္ခိုင့်တပ်တော်အတွက် သတင်းထောက်လှမ်းလာသူအဖြစ် ယူဆကာ ပစ်သတ်လိုက်ခြင်းဖြစ်မည်ဟု ဦးချေ့ကူလ်အီစ္စလာမ်၏ တူ တော်စပ်သူတယောက် က သုံးသပ်သည်။
ဦးချေ့ကူလ်အီစ္စလာမ် ပစ်သတ်ခံရခြင်းနန့်ပတ်သက်၍ နောက်ထပ်သူ့ဆွေမျိုးတယောက်က “ကျနော်ရို့ ဝမ်းနည်းရုံကလွဲလို့ ဇာ တတ်နိုင် ပါဖို့လဲ။ စစ်ကောင်စီတပ်က ရွာကို မီးတိုက်တေ၊ လူတိကို သတ်တေဆိုစွာ သူရို့လုပ်နီကျအလုပ်ဖြစ်နီပါဗျာယ်”ဟု မှတ်ချက် ပြုပြောဆိုလားခသည်။
(Zawgyi)
ဘူးသီးေတာင္၊ ဂူတာျပင္႐ြာမွ မူဆလင္တေယာက္ကို စစ္ေကာင္စီတပ္ ပစ္သတ္၍ သီဆုံး
APM၊ ေအာက္တိုဘာ ၈/၂၀၂၂
ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဂူတာျပင္႐ြာမွ မူဆလင္တေယာက္ကို စစ္ေကာင္စီ၏ ခမရ (၂၁၀) တပ္ရင္းမွ ေဒနိ(ေအာက္တိုဘာ ၈ရက္နိ) မိုးထ ၉နာရီ၊ မိနစ္ ၃၀ ခန္႔က သီနတ္ျဖင့္ ပစ္သတ္လိုက္ေၾကာင္း သတင္းရဟိသည္။
သီနတ္ျဖင့္ ပစ္သတ္ခံရသူမွာ ဂူတာျပင္႐ြာမွ အဖဦးႏူ႐ူအီစၥလာမ္၏သား ဦးေခ်႕ကူလ္အီစၥလာမ္၊ အသက္(၄၈)ႏွစ္ျဖစ္ၿပီး၊ ဂူတာျပင္ ႐ြာ၌ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္မွ ပစ္ခတ္လိုက္သည့္ လက္နက္ငယ္က်ည္ဒဏ္ရာျဖင့္ သီဆုံးလားေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“က်ည္ဒဏ္ရာကရင္ဘတ္မွာက်စြာတခုတည္းပါ။ ႐ြာထဲမွာဟိေရ စစ္ေကာင္စီတပ္က ပစ္လိုက္စြာပါ”ဟု ေဒသခံမူဆလင္ တေယာက္ က ဆိုသည္။
သီဆုံးလားသူ ဦးေခ်႕ကူလ္အီစၥလာမ္သည္ စိမ္းညႇင္းျပား႐ြာ၌ စစ္ဖီးေယွာင္နီသူတေယာက္ျဖစ္ၿပီး ေဒနိမိုးထပိုင္းက ဆန္နန္႔ အဝတ္ အထည္မ်ားယူရန္ဟုဆိုကာ ဂူတာျပင္႐ြာဟိ ၎၏နီအိမ္သို႔ လားေရာက္စဥ္ စစ္ေကာင္စီတပ္က ပစ္သတ္လိုက္ျခင္းျဖစ္သည္ဟု ေဒသခံမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။
“ေဒနိမိုးထဖက္က သူ စိမ္းညႇင္းျပားကနီ ဂူတာျပင္သို႔ လားခပါေရ။ သူ႔အိမ္က ဆန္နန္႔ အဝတ္စေကယူဖို႔ ဆိုၿပီးေက ဆိုင္ကယ္နန္႔ ထြက္ လားခစြာပါ။ အိမ္ကိုေတာ့ ေရာက္ခေရ။ အိမ္ကအျပန္ ေသာက္ရီကန္နားမွာ အပစ္ခံရစြာပါ။ ဂူတာျပင္႐ြာထဲမွာက စာသင္ ေက်ာင္းနန္႔ ဗလီမွာ ဗမာစစ္သားတိဟိေရ။ ယင္းသူ႐ို႕က ပစ္လိုက္စြာ”ဟု ေနာက္ထပ္ေဒသခံမူဆလင္တေယာက္က APM သို႔ ေျပာၾကားသည္။
သီဆုံးလားသူ ဦးေခ်႕ကူလ္အီစၥလာမ္သည္ စစ္ေတြတကၠသိုလ္မွ ႐ူပေဗဒ(မဟာဘြဲ႕)ရတေယာက္ျဖစ္ၿပီး၊ ဂူတာျပင္နန္႔ ေညာင္ေခ်ာင္း စာသင္ေက်ာင္းမ်ား၌ စာသင္ၾကားပီးနီခသူျဖစ္သည္။
၎သည္ ၿပီးခသည့္ ၂၀၁၆ ခုႏွစ္က မူဆလင္အေရးလႈပ္ယွားသူတေယာက္အျဖစ္စြပ္စြဲခ်က္ျဖင့္ ဂူတာျပင္႐ြာသား ၇ ေယာက္နန္႔အတူ စစ္ေကာင္စီတပ္၏ ဖမ္းဆီးထိန္းသိမ္းျခင္းကိုခံခရၿပီး ဘူးသီးေတာင္ေထာင္၌ တႏွစ္နန္႔ သုံးလ အက်ဥ္းခ်ခံဖူးသူျဖစ္ေၾကာင္းေလ့ သိရသည္။
စစ္ေကာင္စီ၏ တပ္မ (၂၂) လက္ေအာက္ခံ၊ ခမရ (၂၁၀) တပ္ရင္းမွ တပ္ဖြဲ႕ဝင္ ၄၀ ခန္႔သည္ စပ္တမ္ဘာလမွစ၍ ဂူတာျပင္႐ြာ အတြင္းဟိ စာသင္ေက်ာင္းနန္႔ ဗလီမ်ား၌ တပ္စြဲလႈပ္ယွားလ်က္ဟိသည္။
စစ္ေကာင္စီတပ္၏ ယင္းသို႔စစ္ရီးလႈပ္ယွားမႈမ်ားေၾကာင့္ ဂူတာျပင္႐ြာ၊ ေတာင္႐ြာ၊ သရက္ေတာင္႐ြာနန္႔ နပ်ိဳးေခ်ာင္း႐ြာမွ ေဒသခံ မူဆလင္ ၁၄၀၀႐ို႕သည္ ဘူးသီးေတာင္ၿမိဳ႕နယ္ စိမ္းညႇင္းျပား႐ြာ ၊ဖိုးေခါင္ေခ်ာင္း႐ြာ၊ ကံျပင္႐ြာ၊ ကႏၵ႐ြာ၊ ဖုံညိဳလိပ္႐ြာ၊ ဆီးအိုးက်႐ြာ၊ သီကံ႐ြာ၊ ျပင္လွ႐ြာနန္႔ သိမ္ေတာင္႐ြာမ်ားဟိ နီးစပ္ရာေဆြးမ်ိဳးမ်ားထံသို႔ ၿပီးခသည့္ စပ္တမ္ဘာ ၂၄ ရက္နိမွစ၍ ခိုလႈံနီထိုင္လ်က္ ဟိသည္။
ယင္းအျပင္ စစ္ေကာင္စီတပ္၏ တင္ဆက္႐ြာအၿခီစိုက္ ခမရ-၂၁၀တပ္ရင္း၊ ဒိုင္းနက္ျပင္႐ြာအၿခီစိုက္ ခမရ(၂၀၉)တပ္ရင္းနန္႔ ဘူးသီး ေတာင္ ဗ်ဴဟာမ်ားမွ အဆိုပါ႐ြာမ်ားအနီးတဝိုက္သို႔ လက္နက္ႀကီးမ်ားျဖင့္ နိစဥ္နိတိုင္းပစ္ခတ္လ်က္ဟိၿပီး၊ ေအာက္တိုဘာ ၅ ရက္နိက လက္နက္ႀကီးက်ေရာက္မႈေၾကာင့္ ေတာင္႐ြာမူဆလင္႐ြာမွ နီအိမ္ႏွစ္လုံး မီးေလာင္ခရသည္။
ဦးေခ်႕ကူလ္အီစၥလာမ္၏ ႐ုပ္အေလာင္းကို ေဒနိ၊ နိခင္း ၃ နာရီခန္႔က စိမ္းညႇင္းျပားသခ်ႋဳင္း၌ ၿမီျမဳပ္သၿဂႋဳလ္လိုက္ေၾကာင္း မိသားစု ဝင္မ်ားက ေျပာသည္။
၎တြင္ ဇနီး၊ သားသမီး ၄ ေယာက္ နန္႔ ၿမီး ၁ ေယာက္႐ို႕ က်န္ဟိခၿပီး စိမ္းညႇင္းျပား႐ြာ၌ စစ္ဖီးေယွာင္အျဖစ္ ခိုလႈံနီကတ္သည္ဟု သိရသည္။
ေဒျဖစ္ရပ္နန႔္ပတ္သက္၍ ဂူတာျပင္႐ြာမွ နီအိမ္သို႔ ေရာက္လာသည့္ ဦးေခ်႕ကူလ္အီစၥလာမ္ကို ႐ြာထဲ၌ဟိသည့္ စစ္ေကာင္စီတပ္မွ ရကၡိဳင့္တပ္ေတာ္အတြက္ သတင္းေထာက္လွမ္းလာသူအျဖစ္ ယူဆကာ ပစ္သတ္လိုက္ျခင္းျဖစ္မည္ဟု ဦးေခ်႕ကူလ္အီစၥလာမ္၏ တူ ေတာ္စပ္သူတေယာက္ က သုံးသပ္သည္။
ဦးေခ်႕ကူလ္အီစၥလာမ္ ပစ္သတ္ခံရျခင္းနန္႔ပတ္သက္၍ ေနာက္ထပ္သူ႔ေဆြမ်ိဳးတေယာက္က “က်ေနာ္႐ို႕ ဝမ္းနည္း႐ုံကလြဲလို႔ ဇာ တတ္ႏိုင္ ပါဖို႔လဲ။ စစ္ေကာင္စီတပ္က ႐ြာကို မီးတိုက္ေတ၊ လူတိကို သတ္ေတဆိုစြာ သူ႐ို႕လုပ္နီက်အလုပ္ျဖစ္နီပါဗ်ာယ္”ဟု မွတ္ခ်က္ ျပဳေျပာဆိုလားခသည္။