
(တောင်ရှည်တောင် ဗျူဟာစခန်းကိုအပြီးသတ်သိမ်းပိုက်ခါ စခန်းဟိ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀၀ လောက် ရက္ခိုင့်တပ်တော်ဘားမာ လက်နက်ချ၊ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိ)
APM ၊ ဂျန်နဝါရီ ၈ / ၂၀၂၄
ရက္ခိုင်ပြည်၊ မြောက်ဦး သင်းကျစ်တော်တောင်ဟိ စစ်ကောင်စီ၏ တပ်စခန်းကို ဂျန်နဝါရီ ၇ ရက်၊ ညဇာ ၄ နာရီလောက်မာ အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဒေနိ(ဂျန်နဝါရီ ၈ ရက်နိ) မာ သတင်းထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “ရက္ခိုင်ပြည်၊ မြောက်ဦး၊ သင်းကျစ်တော်တောင်စခန်းကို ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၇ ရက်၊ ညဇာ ၄ နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရဟိခသည်။ ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းများနန့်လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခသည်”လို့ ဖော်ပြထားပါရေ။
ယင်းအပြင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊တောင်ရှည်တောင်ဗျူဟာစခန်း ကို အပြီးသတ်သိမ်းပိုက်ခါမာလည်း ရန်သူ့အင်အား ၂၀၀ လောက် (စခန်းတစ်ခုလုံး)စွာ ရက္ခိုင့်တပ်တော်ထံမာလက်နက်ချ အညံ့ခံခရေလို့ ဆိုပါရေ။
တောင်ရှည်တောင်ဗျူဟာစခန်းသိမ်း တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်နန့် တတူ မိတ်ဖက်အဖွဲ့အစည်းအချို့က ရဲဖော်တိလည်း စစ်ရီးအတွိအကြုံယူယင်း တက်ကြွစွာ တိုက်ပွဲဝင်ခကတ်တေလို့ ဆိုပါရေ။
စစ်ကောင်စီ၏ တခြား တပ်စခန်းတိကလည်း ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အညံ့ခံဖို့ (သို့မဟုတ်) ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ခိုလှုံဖို့ ဆက်သွယ်မှုတိရထားပြီးကေ တခြား လက်နက်ချအညံ့ ခံလိုရေ ကောင်စီတပ်သားတိ၊ စစ်စခန်းတိအနီနန့်လည်း အချိန်မရွီးဆက်သွယ်နိုင်ပါကြောင်းလည်း ရက္ခိုင့်တပ်တော်က ထပ်မံ အသိပီးထားပါရေ။
ပလက်ဝ ဒေသတခုလုံး စစ်ကောင်စီ ကင်းစင်ရေ နယ်မြီဖြစ်လာနိုင်ဖို့ ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ စခန်းတိကို ချေမှုန်းတိုက်ခိုက်လျက်ဟိရာ ဂျန်နဝါရီ ၇ ရက်ကစလို့ ပလက်ဝ အနောက်ဖက်ခြမ်းဟိ စစ်ကောင်စီ၏ စခန်းတိုင်းကို သိမ်းပိုက်ရယူထားပြီးဖြစ်တေပိုင် ကျန်ဟိနီသိမ့်ရေ စစ်ကောင်စီ၏စခန်းအချို့ကို ဒေရက်တိအတွင်း အပြီးသတ်ချေမှုန်းတိုက်ခိုက်လားဖို့လို့ ဖော်ပြထားပါရေ။
ချင်းလက်ဝ စခန်းသိမ်းတိုက်ပွဲက ထွက်ဗြီးလားရေ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၀၄) ယောက်စွာ အိန္ဒိယနိုင်ငံအတွင်းသို့ အာသံရိုင်ဖယ်၏ အကူအညီနန့် ထွက်ဗြီးလားရေပိုင်၊ ၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၂၉ ရက်နိကလည်းပွိုင့် (၃၇၇) စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၅၁) ယောက်စွာ အိန္ဒိယနိုင်ငံထဲသို့ ထွက်ဗြီးဝင်ရောက်လားခရေလို့ သိရပါရေ။
ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တိကိုတော့ အိန္ဒိယအစိုးရက ဂျန်နဝါရီ ၂ ရက်နိမာ စစ်ကောင်စီတပ်ထံ ပြန်လည် လွှဲပြောင်းပီးခကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။





