APM ၊ ဂျန်နဝါရီ ၈ / ၂၀၂၄
ဒေနိ(ဂျန်နဝါရီ ၈ ရက်နိ)၊ညည့်ခါက ဘူးသီးတောင်မြို့က အရပ်သားပြည်သူ ၃ ယောက်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရားဖမ်းဆီးလားရေလို့သိရပါရေ။
ဥပဒေမဲ့ မတရား အဖမ်းဆီးခံရရေလူတိစွာ ဘူးသီးတောင်မြို့၊ အမှတ် (၅)ရပ်ကွက်က ဦးအဘူကာလောင်း(၄၀နှစ်)၊ ဦးညီနိုဟာရှိန်း(၃၅နှစ်)၊ ဦးအာလောင်(၄၅နှစ်)ရို့ဖြစ်ကတ်ပါရေ။
ဂျန်နဝါရီ ၇ ရက်နိ၊ ညည့်နက်သိုင်ခေါင် ၁ နာရီအချိန်လောက်မာ ဘူးသီးတောင်အခြီစိုက် စစ်ကောင်စီတပ် ခလရ(၂၃၃)နန့် ခလရ(၂၆၃) တပ်ရင်းရို့က တပ်ဖွဲ့ဝင် ၃၀ လောက်စွာ အမှတ်(၅) ရပ်ကွက်ထဲကို ဝင်ရောက်လာပြီးကေ သူရို့အိမ်တိကို ဝင်ရောက်ဖမ်းဆီးလားရေလို့ ဒေသခံတိက ဆိုပါရေ။
စစ်ကောင်စီတပ်စွာ ရက္ခိုင်မာ ရက္ခိုင့်တပ်တော်နန့် တကျော့ပြန်တိုက်စတင်ခရေ ၂၀၂၃ ခုနှစ် နိုဗမ်ဘာ ၁၃ ရက်နိကစလို့ ဒေနိအထိ ၂ လကျော်ကြာကာလအတွင်း အပြစ်မဲ့အာရက္ခပြည်သူ ၃၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထားပါရေ။