APM၊ ဂျန်နဝါရီ ၈/ ၂၀၂၃ (ဇော်ကြီး)
ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရီးကြောင့် ပွင့်လင်းရာသီမာ ချင်းပြည် ကို စစ်ဆင်ရီးလုပ်ဖို့ ပြင်ဆင်နီရေ စစ်ကောင်စီတပ်စွာ အားလုံးကို ရုပ်သိမ်းလားခရကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)၏ ပြောခွင့်ရ ဆလိုင်းထက်နီက ပြောဆိုလိုက်ပါရေ။
ချင်းပြည်က နယ်မြီသိမ်းတိုက်ပွဲတိနန့်ပတ်သက်လို့ ဂျန်နဝါရီ ၈ ရက်နိက VOA သတင်းဌာနသို့အိန်တာဗျူး ဖြေကြားရေခါ CNFပြောခွင့်ရ ဆလိုင်းထက်နီက ယင်းပိုင်ပြောကြားခစွာဖြစ်ပါရေ။
ဆလိုင်းထက်နီက “မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရီးစွာ နွီဦးတော်လှန်ရီးကို အသစ်တဖန်နန့် လှိုင်း ကြီးပေါ်လာစီရေပိုင်ဖြစ်လားပါကြောင်းနန့် တော်လှန်ရီးကြီးအတွက် ထိရောက်တေ ဗဟာဗျူဟာမြောက်စစ်ဆင်ရီး တခုဖြစ်ကြောင်း” ပြောကြားပါရေ။
စစ်ကောင်စီတပ်စွာ ပွင့်လင်းရာသီမာ ချင်းတောင်တန်းသို့ ပခုက္ကူ၊ မကွေးဖက်ကနီလို့ စစ်ယာဉ်တန်း ၈၇ စီးနန့် ဝင်ဖို့ ပြင်ဆင်ထားခပါရေ။ ယင်းစစ်ယာဉ်တန်းစွာ စပ်တမ်ဘာလအတွင်းမာ ပခုက္ကူကဖြတ်လာရာ ပေါက်မြို့အထိရောက်ဟိခပြီးကေ ၁၀၂၇ စစ်ဆင်ရီးကြောင့် အားလုံးကိုရုတ်သိမ်းလားရေလို့ သူက ဆိုပါရေ။
ယင်းကြောင့် ဒေနှစ်မာ ပြည်မကနီ စစ်ယာဉ်တန်းကြီးတိ ချင်းတောင်တန်းသို့ စထိုးစစ်ဆင်လာစွာမဟိခရေအတွက် ချင်းတောင်တန်းမာ အစကပင်ဟိနီရေ စစ်ကောင်စီတပ်စခန်းတိကို တိုက်ခိုက်ပနာ မြို့သိမ်းတိုက်ပွဲအနီနန့် ဆင်နွှဲနိုင် ခပါကြောင်း၊ ညီနောင်(၃)ဖွဲ့၏ စစ်ဆင်ရီး ကြီးနန့်တတူ ချင်းပြည်ဖက်မာလည်း စစ်ဆင်ရီးတိကို ဖော်ဆောင်နိုင်ခပါကြောင်း ဆလိုင်းထက်နီက ထည့်သွင်း ပြောကြားလားခပါရေ။
Photo – Chinland Information Center