APM ၊ ဂျန်နဝါရီ ၈ / ၂၀၂၄
စစ်တွေမြို့နယ်မာ ဂျန်နဝါရီ ၇ ရက်နိ၊ မိုးထပိုင်းက စောမြရာဇာလင်း ALP အဖွဲ့နန့် စစ်ကောင်စီ ပူးပေါင်းအင်အား ၁၀၀ ကျော်က အပြစ်မဲ့အာရက္ခပြည်သူ ၆၀ ကို ဥပဒေမဲ့ မတရား ဖမ်းဆီးလားကြောင်း သိရပါရေ။
အဖမ်းခံရရေပြည်သူတိစွာ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာနန့် သုံးဆောင်ရွာက အရပ်သားပြည်သူ ၄၀ ကျော်နန့် စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းမာ ကုန်တင် ကုန်ချလုပ်ကိုင်နီကတ်တေ အရပ်သား ပြည်သူ ၂၀ နီးပါး ပါဝင်ပါရေ။
ဂျန်နဝါရီ ၇ ရက်နိ၊ မိုးထ ၅ နာရီကျော်လောက်မာ စောမြရာဇာလင်း၏ ခွဲထွက် ALP အဖွဲ့နန့် စစ်ကောင်စီတပ်ဖွဲဝင်ပူးပေါင်းအင်အား ၁၀၀ ကျော်လောက်စွာ လက်နက်အပြည့်အစုံကိုင်ဆောင်ပြီးကေ ဗျိုင်းဖြူရွာနန့် သုံးဆောင်ရွာကို ဝရုန်းသုန်းကား ဝင်ရောက်လာပနာ ရွာသား ၄၀ ကျော်ကို အင်အားသုံး အနိုင်ကျင့် ဖမ်းယူလားခရေလို့ မျက် မြင်ဒေသခံတိက ပြောပါရေ။
တချိန်တည်းမာ ယင်းအဖွဲ့စွာ ကိုရီးယားဆိပ်ကမ်းသို့လားရောက်ပြီးကေ ကုန်တင်ကုန်ချလုပ်ကိုင်နီကတ်တေ အပြစ်မဲ့ အရပ်သားပြည်သူတိနန့် ဒေသခံခရီးလားပြည်သူ ၂၀ နီးပါးကိုလည်း ထပ်လို့ ဥပဒေမဲ့ မတရား ဖမ်းဆီးခကတ်ပါသိမ့်ရေ။
ယင်းအပြင် စစ်ကောင်စီလက်ကိုင်တုတ် စောမြရာဇာလင်းALPအဖွဲ့စွာသုံးဆောင် ရွာဆိပ်ကမ်းက စက်သုံးဆီ ပီပါ ၁၀ လုံး၊ ဘုတ်တစီးနန့် ရီစုပ်စက် (၁)လုံးကိုပါ လုယူလားကြောင်းလည်း ထပ်ဆင့် သိဟိရပါရေ။