APM၊ ဒီဇမ်ဘာ ၇/၂၀၂၂
မောင်တောမြို့နယ်တွင် အဖမ်းခံခရသည့် မင်းပြားမြို့နယ်မှ တက္ကသိုလ်ဝင်တန်းကျောင်းသူ နန့်ဆိုင်ကယ်ကယ်ရီးသမားရို့ကို မြန်မာစစ်တပ်မှ မတရားအသင်းဆက်သွယ်မှုအက်ဥ ပဒေပုဒ်မ ၁၇(၁)(၂)ဖြင့် အမှုဖွင့်ထားကြောင်း မိသားစုဝင်များကဆိုသည်။
အဆိုပါ ပုဒ်မ ၁၇(၁)(၂) ဖြင့်အမှုဖွင့်ခံထားရသူ ၂ဦးမှာ မင်းပြားမြို့နယ်၊ ပြိုင်းတောရွာမှ တက္ကသိုလ်ဝင်တန်းကျောင်းသူ မအေးမြစန္ဒာနန့် မောင်တောမြို့နယ်မှ ကိုမောင်မောင်ကျော် ရို့ဖြစ်သည်။
သူရို့ကို ပြီးခသည့်နိုဗမ်ဘာ ၁ရက်နိ က မောင်တောမြို့နယ်၊ကြိမ်ချောင်းနယ်ခြားစောင့်တပ် နခခ(၇) စစ်ဆီးရီးဂိတ်တွင်မြန်မာစစ်တပ်မှ ဖမ်းခေါ် လားခခြင်းဖြစ်သည်။
ယင်းနောက် သူရို့နှစ်ယောက်ကို ၁ လကျော်အကြာ ထိန်းသိမ်းစစ်ဆီးခပြီး ပုဒ်မ ၁၇(၁)(၂)ဖြင့် အမှုဖွင့်ထားသည်ဟု ကြိမ်ချောင်းနယ်ခြားစောင့်စစ်ဆီးရီးဂိတ်မှ အကြောင်း ကြားလာကြောင်း မိသားစုဝင်များကပြောသည်။
မအေးမြစန္ဒာသည် တက္ကသိုလ်ဝင်တန်းကို ဝိပ္ပံဘာသာတွဲဖြင့် ပြင်ပမှ ဝင်ရောက်ဖြေဆိုနီသူဖြစ်ပြီး မောင်တောမြို့နယ်၊ တမန်းသားရွာဟိ ဆွီမျိုးများထံသို့ အလည်အပတ်လားရောက်ခပြီးနောက် မိမိနီရပ်သို့ ပြန်လာစဉ် ဖမ်းဆီးထိန်းသိမ်းခံခရကြောင်းသိရသည်။