
APM ၊ စပ်တမ်ဘာ ၇ / ၂၀၂၃
ဒေနိ(စပ်တမ်ဘာ ၇ ရက်နိ) မိုးထက ရက္ခိုင့်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်စွန့်ပစ်ပစ္စည်းများ ကျရောက်ခကြောင်း သိရသည်။
ယင်းအပိုင်းအစများသည် ဒေနိ မိုးထစောစော ၁၂ နာရီကျော်လောက်က သံတွဲမြို့၏ အနောက်တောင်ဖက် ၉၂ မိုင် အကွာ၊ မာန်အောင်ကျွန်း၏ တောင်ဖက် ၁၀၅ မိုင် အကွာ ရက္ခိုင့်ပင်လယ်ပြင်သို့ ကျရောက်ခသည်ဟု စစ်ကောင်စီ၏ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရီးစာမျက်နှာ ရခိုင့်နိစဉ်တွင် ဖော်ပြထားသည်။
၎င်းအပိုင်းအစများကျရောက်မှုကြောင့် လူနန့်တခြားအရာဝတ္ထုများ ထိခိုက်မှု တစုံတရာ မဟိခဟုဆိုသည်။
တရုတ်အာကာသယာဉ်စွန့်ပစ်ပစ္စည်းများသည် သံတွဲ၊ ဂွ၊ မာန်အောင်မြို့နယ်များအနား ရက္ခိုင့်ပင်လယ်ပြင်သို့ မကြာမကြာ ကျရောက်လိဟိသည်။
ပြီးခသည့် ဩဂတ်စ် ၂၁ ရက်နိကလည်း ရက္ခိုင့်ပင်လယ်ပြင်သို့ တရုတ်အာကသယာဉ်မှ စွန့်ပစ်အပိုင်းအစများ (၁)ကြိမ် ကျရောက်ခသိမ့်သည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်ကလည်း ရက္ခိုင့်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်စွန့်ပစ်ပစ္စည်းများ (၄) ကြိမ်ထက်မနည်း ကျရောက်ခသိမ့်သည်။
အလားတူ ၂၀၂၁ ခုနှစ်၊ ဒီဇမ်ဘာလအတွင်းကလည်း (၂) ကြိမ်ကျရောက်ခဖူးသိမ့်ကြောင်းသိရသည်။
ယင်းသို့ တရုတ်အာကာသယာဉ် စွန့်ပစ်ပစ္စည်းများ ရက္ခိုင့်ပင်လယ်ပြင်သို့ မကြာမကြာ ကျရောက်နီ၍ ပင်လယ်ပြင်ဟိ ရီနီသတ္တဝါများ သီဆုံးခြင်း၊ ရီထုညစ်ညမ်းခြင်း၊ ပင်လယ်ပြင်အတွင်းမှ တန်းဖိုးဟိ သန္တာကျောက်တန်းများပျက်စီးခြင်းနန့် ပင်လယ်ပြင်အတွင်းဟိ ဂေဟစနစ်များပျက်စီးခြင်းစသည့်ဖြစ်စဉ်များဖြစ်ပေါ်နိုင်သည့်အပြင် ဒေသခံရီလုပ်သားများ အတွက်လည်း အလွန် အန္တရာယ်ဖြစ်စီနိုင်ကြောင်း ဝေဖန်ပြောဆိုမှုများဟိနီသည်။
