APM၊ စပ်တမ်ဘာ ၇/ ၂၀၂၃
နှစ်နိုင်ငံဆက်ဆံရီးကို မြှင့်တင်သည့်အနီနန့် တရုတ်ဒုဝန်ကြီးချုပ် လျိုယျန်တုန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာမည့် စပ်တမ်ဘာ ၉ ရက်နိတွင် မြောက်ကိုရီးယားသို့ လာရောက်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA ကသတင်းက ဖော်ပြသည်။
တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စပ်တမ်ဘာ ၉ ရက်နိတွင် ကျရောက်မည့် ၇၅ နှစ်မြောက် မြောက်ကိုရီးယားတည်ထောင် ခြင်း နှစ်ပတ်လည်နိအထိမ်းအမှတ်အဖြစ် လားရောက်မည်ဖြစ်သည်။
လျိုယျန်တုန်း၏ ကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ ဖိတ်ကြားချက်အရ လာရောက် ခြင်းဖြစ်သည်ဟု KCNA က ဆိုသည်။
တချိန်တည်းတွင် လက်နက်ရောင်းချရီးအတွက် ရုသျှသမ္မတ ဗလာဒီမာပူတင်နန့် တွိဆုံရန် မြောက်ကိုရီးယားဂေါင်းဆောင် ကင်ဂျုံအွန်းသည် မကြာခင် ရုသျှနိုင်ငံသို့ လားရောက်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နီသည်။
အဆိုပါခရီးစဉ်အတွင်း မြောက်ကိုရီးယားသည် ရုသျှကို အမြောက်ကျည်များနန့် နည်းပညာမြင့် လက်နက်ခဲယမ်းများ ထောက်ပံ့ ရန် သဘောတူနိုင်ကြောင်း လေ့လာလူများက ခန့်မှန်းနီကတ်သည်။
အဆိုပါသဘောတူညီချက်သည် အမေရိကန်နန့် မဟာမိတ်များဖြစ်သည့် တောင်ကိုရီးယားနန့် ဂျပန်ရို့ကို ပစ်မှတ်ထားရန် ဒီဇိုင်း ထုတ်ထားပြီး နျူကလီးယားလက်နက်နန့် ဒုံးကျည်လက်နက်များ၏ ခြိမ်းခြောက်မှု တိုးလာစီမည်ကို စိုးရိမ်မှုများ ဟိနီကတ်သည်။
Source – China sending delegation to North Korea to celebrate its founding as nations foster their ties
Photo – KCNA