
APM၊ စပ်တမ်ဘာ ၇ / ၂၀၂၃
ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ဒေသခံများ အဓိက အသုံးပြုရာ ရွာချင်း ဆက်လမ်းများမှာ လက်ဟိတွင် ပို၍ ဆိုးဆိုးဝါးဝါး ပျက်စီးလာကြောင်း သိရပါသည်။
မိုးစဲကျွန်း၌ ပို၍ပျက်စီးလာသည့် လမ်းများမှာ ဇီးကိုင်းဆိပ်ကမ်း-ငနားပြားဆိမ်းကမ်းလမ်း၊ ကူတောင်-မင်းကန်လမ်း၊ ကူတောင်-ရွှေလောင်းတင်လမ်း၊ ဦးဂါ-မြင်ခချောင်း(ရွာမ၊ ကုန်းတန်း) လမ်း၊ မြင်ခချောင်း-ကံပြင်လမ်း၊ နန်းခင်း -ညောင်ပင်လယ် လမ်း၊ညောင်ပင်လယ် -ဆားပြင်ကြီး လမ်း၊ ကြက်ရိုးဆိပ် -ကျွန်းကြီးလမ်း၊ ကပ်ချောင်း -ညောင်ပင်ကြီးလမ်း ၊ ဇီးကိုင်း-ခြေတော်ရာလမ်း များဖြစ်သည်။
အဆိုပါလမ်းများ မှာ ကျောက်ခင်း-မြီသားလမ်းများ ဖြစ်ပြီး မိုးရာသီ အတွင်း မိုးရီများ တင်နီခြင်းကြောင့် လက်ဟိတွင် လားမရလောက်အောင် ဆိုးဆိုး ဝါးဝါး ပျက်စီးနီကြောင်း မိုးစဲကျွန်းဒေသခံများ က ပြောသည်။
ယင်းသို့ ရွာချင်းဆက်လမ်းများ ပျက်စီးနီခြင်းကြောင့် လမ်းများတလျှောက်ဗြီးဆွဲနီကတ်သည့် သုံးဘီး၊ ကား ၊ဆိုင်ကယ် ကယ်ရီသမား များမှာ အလုပ်ရပ်နားထားရကာ စားဝတ်နီရီးအခက်ကြုံနီကတ်ရပြီး တချို့ဆိုလျှင် အဆိုပါ သုံးဘီး၊ ကား၊ ဆိုင်ကယ်များကို ရောင်းကာ နိုင်ငံခြားလို့ လားနီကတ်ရသည်ဟုဆိုသည်။
ဇီးကိုင်းဆိပ်ကမ်း-ငနားပြားဆိမ်းကမ်းလမ်း မှာ တကျွန်းလုံးကိုဆက်သွယ်ထားသည့် အရှည်ဆုံးလမ်းဖြစ်ပြီး ကျောက်ခင်းလမ်းဖြစ်ကာ လက်ဟိတွင် အဆိုးဝါးဆုံး ပျက်စီးနီ၍ ဒေသခံများမှာ လားလာရီးအခက်အခဲနန့် ရင်ဆိုင်နီကတ်ရကြောင်း သိရပါသည်။
