APM ၊ စပ်တမ်ဘာ ၇ / ၂၀၂၃
ဆော်ဒီကလပ် အယ်လ်ချာဘတ်အသင်းသည် အသင်းနည်းပြသစ်အဖြစ် ချဲလ်ဆီးဂန္ထဝင် ကဇတ်သမား ဂျွန်တေရီကို ခန့်အပ်ရန် နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်နီကြောင်း သတင်းများ၏ ဖော်ပြချက်အရ သိရသည်။
အသက် ၄၂ နှစ်အရွယ် ဂျွန်တေရီ သည် ကုန်ခသည့် ၂၀၁၈ ခုနှစ်တွင် ဘောလုံးလောကမှ တရားဝင်အနားယူပြီးနောက် အက်စတွန်ဘီလာနန့် လက်စတာစီးတီး အသင်းတွင် နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ယူခကာ ဆော်ဒီအာရေဗျသို့ ပြောင်းရွှိကာ နည်းပြလုပ်ရန် ရည်မှန်းထားသူဖြစ်သည်။
အဆိုပါဆွေးနွေးမှု သဘောတူညီချက် အတည်ပြုပါက ဂျွန်တေရီသည် အယ်လ်ချာဘတ်အသင်းတွင် နည်းပြသစ်အဖြစ် စပ်တမ်ဘာ ၁၅ ရက်နိ အယ်လ်ဖီဟာ အသင်းနန့်ကဇတ်ရမည့်ပွဲကို စတင်ကိုင်တွယ်ရမည်ဖြစ်သည်။
လက်ဟိတွင် အယ်လ်ချာဘတ် အသင်းသည် ဆော်ဒီပရိုလိဂ်ပွဲစဉ် ၅ ပွဲကဇတ်ရာတွင် နိုင်ပွဲမဟိဘဲ ၂ ပွဲသရေ ၃ ပွဲယှုံးရလဒ်ဖြင့် အဆင့် ၁၇ နီရာ၌ ရပ်တည်လျက်ဟိသည်။
Source – Chelsea Legend John Terry Set to Land Coaching Job in Saudi Arabia
Photo – The Mirror