APM ၊ စပ်တမ်ဘာ ၇ / ၂၀၂၃
ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ် ချိတ်ဟာဆီနာသည် နက်ဖန် (စပ်တမ်ဘာ ၈ ရက်နိ)တွင် အိန္ဒိယသို့ သုံးရက်ကြာခရီးစဉ်လားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ်သည် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုအရ ဧည့်သည်နိုင်ငံတနိုင်ငံအဖြစ် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးကို တက်ရောက်မည်ဖြစ်ပြီး အစည်းအဝေးအစတွင် မိန်းခွန်းပြောကြားမည်ဖြစ်သည်။
ယင်းနောက် ချိတ်ဟာဆီနာသည် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနန့် ၇ နာရီကြာ တွိဆုံကာ နှစ်နိုင်ငံဆက်ဆံရီးကဏ္ဍ ဆွေးနွေးလားမည်ဖြစ်ပြီး ယင်းသို့တွိဆုံရာတွင် တီစတာနန့် ဂင်္ဂါမြစ်မှ ရီခွဲဝေမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည်ဟု ဘင်္ဂလားဒေ့ချ်နိုင်ငံခြားရီးဝန်ကြီး မဆုဒ်ဘင်မိုမင်က ပြောကြားထားသည်။
အဆိုပါ ဆွေးနွေးမှုသည် ဘင်္ဂလားဒေ့ချ်အထွေထွေရွီးကောက်ပွဲအတွက် သိသိသာသာ အရေးကြီးနိုင်ပြီး ချိတ် ဟာဆီနာသည် အစည်းအဝေးလာတက်မည့် ဆော်ဒီအိမ်ရှိမင်းသားအပါအဝင် တခြားနိုင်ငံဂေါင်းဆောင်များနန့်လည်း တွိဆုံဆွေးနွေးရန်ဟိသည်။
ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ် ချိတ်ဟာဆီနာသည် စပ်တမ်ဘာ ၁၀ ရက်နိ တွင် တခြား ဂျီ-၂၀ ဂေါင်းဆောင်များနန့်တတူ ဒေလီဟိ မဟတ္တမဂန္ဒီအား အောက်မိဖွယ် အထိမ်းအမှတ် Rajghat သို့ ဂါရဝပြုရန် လားရောက်မည်ဖြစ်ကြောင်း သိဟိရသည်။
Source – G-20 Summit | Meeting with PM Modi, Saudi Crown Prince Mohammed bin Salman on Hasinas Delhi agenda
Photo – Reuters