(ဂျူလိုင် ၃၁ ရက်နိမှ ဩဂတ်စ် ၆ ရက်နိ အထိ)
၁။ ၁-၈-၂၀၂၃(အင်္ဂါ)
(၁) ဩဂတ်စ် ၁ ရက်နိကျရောက်သည့် စဝါဆိုလပြည့်(ဓမ္မစကြာနိ) အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ရက္ခိုင်အပါအဝင် မြန်မာ ပြည် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/ အကျဉ်းသူ ၇၇၄၉ ယောက်ကို ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပြုလိုက်ပြီး၊ ၎င်းလွတ်ငြိမ်းချမ်း သာခွင့်ထဲ၌ ရက္ခိုင်ပြည်အကျဉ်ထောင်များမှ အကျဉ်းသား/အကျဉ်းသူ ၂၅၆ ယောက်ပါသည်ဟု သိရသည်။
(၂) စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် ရက္ခိုင့်တပ်တော် AA ဆက်စပ်သံသယနန့် ဖမ်းဆီးခံထားရလူ ၆၁ ယောက် ပါဝင်ပြီး၊ယင်းအထဲမှာ သံတွဲထောင်မှ ၁၆ ယောက်၊ ကျောက်ဖြူထောင်မှ ၁၀ ယောက်၊ စစ်တွေထောင်မှ ၁၂ ယောက်၊ ကျောက် တော် အချုပ်ခန်းမှ ၂ ယောက်၊ တောင်ကုတ်မှ ၃ ယောက်၊ အမ်းက ၅ ယောက်၊ ဘူးသီးတောင်က ၉ ယောက်နန့် မောင်တော က ၄ ယောက်ဟု ကနဦး သိဟိရသည်။
၂။ ၂-၈-၂၀၂၃(ဗုဒ္ဓဟူး)
(၁) မြန်မာပြည်ဆူပူအောင်လှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)နန့် တရားစွဲခံထားရသည့် ကျောက်တော်မှ လူထု ဇော်ဝင်း အပါအဝင် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးဇော်ဝင်း(ခေါ်) လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ် ရွာမှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်ရို ဒေသခံ ၃ ယောက်အမှုကို ဩဂတ်စ် ၂ ရက်နိ၌ ကျောက် တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူက လိုပြသက်သီမရောက်ဟု အကြောင်းပြကာ မစစ်ခဘဲ လာမည့် ဩဂတ်စ် ၁၅ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်။
(၂) မုန်တိုင်းအဟိန်ကြောင့် မိုးကြီး ရီကြီးကာ ပင်လယ်ရီလှိုင်းများပြင်းထန်စွာရိုက်ခတ်မှုကြောင့် တောင်ကုတ်မြို့နယ်၊ ကုလား ရောင်ရွာမှ လူနီအိမ် ၄၀ ကျော် ပျက်စီးဆုံးယှုံးလားသည်။
(၃) ဩဂတ်စ် ၂ ရက်နိညည့်၌ ကျောက်ဖြူမြို့ပေါ်ရှိတောင်ရင်းရပ်ကွက်၊ အရာဟိရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်စသည့် ရပ်ကွက်များတွင် မြန်မာစစ်တပ်နန့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဧည့်စာရင်း အကြောင်းပြကာ လူနီအိမ်များကို စီးနင်းဝင် ရောက် စစ်ဆီးခသည်။
(၄) မြန်မာစစ်တပ်က ဖမ်းဆီးလားပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နန့် တရားစွဲခံထားရသည့် ကျောက် ဖြူမြို့ စေတီတောင်ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးဝင်းမောင် (၅၈နှစ်)အမှုကို ဩဂတ်စ် ၂ ရက်နိတွင် ကျောက်ဖြူ မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ ကျောက်ဖြူမြို့နယ်တရားသူကြီး ဦးဇေယျာဖြိုးက တစုံတရာ စစ်ဆီးခြင်းမလုပ်ခဘဲ ရုံးချိန်းထပ်ရွှိလိုက်သည်။
၄။ ၄-၈-၂၀၂၃(သောကြာ)
(၃) ကျောက်တော်မြို့ပေါ်ဟိ မြို့မရွှိကျောင်း၊ကဝိရတနာ၊နီပူခံ၊COC၊မြို့သစ်မှန်ကျောင်း၊သိမ်ပြင်ကျောင်း၊သရက်အုပ် စစ်ဖီး ယှောင် စခန်း ၇ခုမှာ မုန်တိုင်းချေအဟိန်ကြောင့် ဩဂတ်စ် ၁ ရက်နိမှ ၄ ရက်နိအထိ မိုးအဆက်မပြတ်ရွာသွန်းနီ၍ ရီကြီး၊ရီလျှံမှုများ ဖြစ်ပေါ်ကာ နီထိုင်ရီးအခက်ကြုံနီရသည်။
၅။ ၅-၈-၂၀၂၃ (စနီ)
(၁) မြန်မာစစ်တပ်နန့် ရဲတပ်ဖွဲ့ဝင်များစီးနင်းဝင်ရောက်ဖမ်းဆီးလားခသည့် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ဟိ အိမ်ဖြူ တော်(White House) KTV နန့် မင်းဂံရပ်ကွက်ဟိ Sweet Dream KTV ရို့က ပိုင်သျှင်နန့် ဝန်ထမ်းများကို စစ်ကောင်စီက ရုပ်မြင်သံကြားနန့် ဗီဒီယို ဥပဒေပုဒ်မ ၃၂ ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။
(၂) ဩဂတ်စ် ၅ ရက်နိ နိခင်းတွင် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဖီးယှောင်းစခန်း၌ လူနီဆောင်များအားလုံး ရီနစ် မြုပ်လားသဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA တပ်ဖွဲ့ဝင်များက စစ်ဖီးယှောင်များကို ရီဖီးလွတ် ကင်းရာနီရာများ သို့ ကူညီပို့ဆောင်ပီးခသည်။
(၃) ရက္ခိုင်ပြည်မှာ မိုးအဆက်မပြတ်ရွာသွန်းနီသဖြင့် မင်းပြားမြို့နယ်က ဒုံးသား၊ အသေကာလ၊ လက်ခုပ်၊ မြင်းတင်မ၊ ချင်းဆိပ်၊ တောတန်း၊ ကုလားမတောင်၊ မင်းဖူး၊ ဝါးတောင်၊ မြင်းကဆိပ်၊ ကပ်ပဲ့၊ တံခွန်တိုင်၊ ရွှကျန်၊ ထိန်ပင်၊ ခွဆုံ၊ ဒိုင်းသား၊ ပြင်ယောင်း၊ ပွဲရကံဆိပ်၊ င/တာ၊ ရွှတောင်၊ အညှင်းတောင်၊ ချောင်းတိုနန့် အိုးပျဉ်တောင် ရွာ ၂၃ ရွာတွင် ဩဂတ်စ် ၃ ရက်နိ ညဇာပိုင်းမှစ၍ ၄ ရက်နိအထိ ရီကြီး၊ ရီလျှံမှုများဖြစ်ပွားလျက်ဟိသည်။
(၄) ရက္ခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းနီမှုကြောင့် လေးမြို့မြစ်ရီမှာ တရိပ်ရိပ်မြင့်တက်လာနီပြီး မြစ်ကမ်းတလျှောက် မြီနိမ့်ပိုင်းကျေးရွာများမှ ဒေသခံတချို့မှာ ရီကြီးမှုဖြစ်ပွားမည်ကို စိုးရိမ်နီကတ်ရသည်။