
APM ၊ ဩဂတ်စ် ၇ / ၂၀၂၃
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ဦးဆောင်သည့် အာရက္ခပြည်သူ့အစိုးရသည် Mocha ဆိုင်ကလုန်းမုန်တိုင်း မတိုင်ခင်ကာလကပင် မုန်တိုင်းတိုက်ပြီးဒေနိကာလများအထိ ရက္ခိုင်ပြည်ကျေးရွာများဟိ အာရက္ခပြည်သူများအား ကျန်းမာရီးပြုစုစောင့်ယှောက်မှု၊ဆီးကုသမှုများကို တစိုက်မတ်မတ် ကူညီဆောင် ရွက်ပီးလျက်ဟိကြောင်းသိရသည်။
အာရက္ခပြည်သူ့အစိုးရအနီနန့် ယင်းသို့ရက္ခိုင်ပြည်အတွင်း၌ ပြည်သူ လူထုများအတွက် ကျန်းမာရီးဆိုင်ရာ အစွမ်းကုန် ကူညီဆောင်ရွက်ပီးလျက်ဟိသည့်နည်းတူ မြောက်ဦးမြို့နယ်၊ ကျေးရွာများ၌လေ့ Mocha ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခင်ကပင် ဒေနိအထိ အာရက္ခပြည်သူ့အစိုးရက ပြည်သူများအား စဉ်ဆက်မပြတ်ဆီးကုသပီးလျက်ဟိကြောင်း သိရပါသည်။
ယင်းသို့ ဆီးကုသပီးလျက်ဟိရာ ဒေဂုရက်သတ္တတပတ်အတွင်း မြောက်ဦးမြို့နယ် ညောင်ပင်လယ်ရွာ၊ မှိုဟင်းရွာ၊ စက်သားရွာဟောင်း၊ စက်သားရွာသစ်၊ အလယ်ချောင်း၊ လေးဇူးပြား၊ ရဲဖျား၊ သာယာကုန်းရွာ စသည့် ကျေးရွာများ၌ ဒေသခံပြည်သူများအား အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရီးဝန်ထမ်းများနန့် ULA/AA ဆီးဝန်ထမ်းတပ်ဖွဲ့ဝင်များက ဆီးကုသပီးခကြောင်း ဒေသခံများက ဆိုသည်။
ရက္ခိုင်ပြည်တွင် အာရက္ခပြည်သူ့အစိုးရသည် Mochaဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးချိန်မှစ၍ ဒေနိကာလအထိ ပြည်သူလူထုများအား ကျန်းမာရီးပြုစုစောင့်ယှောက်မှုများလုပ်ဆောင်ပီးခြင်း၊ ဆန်အပါအဝင် စားနပ်ရိက္ခာများနန့် အမိုးအကာများ ထောက်ပံ့ပီးခြင်း၊ သန့်စင်သောသောက်သုံးရီရဟိရီးဆောင်ရွက်ပီးခြင်းများအပြင် ရီရှည်ပြန်လည် ထူထောင် ရီးလုပ်ငန်းများကိုပါ ဆက်လက် ဆောင်ရွက်ပီးလျက်ဟိကြောင်း သိရပါသည်။




