
APM၊ ဩဂတ်စ် ၇/ ၂၀၂၄
ကမ္ဘောဒီးယားတွင် ဟွန်ဆန်၏သား ဟွန်မာနက်ကို ဝန်ကြီးချုပ်သစ်အဖြစ် ဒေနိ (ဩဂတ်စ် ၇ရက်)နိတွင် ခန့်အပ် လိုက်ကြောင်း သိရသည်။
ကမ္ဘောဒီးယားဘုရင်က ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ဟွန်မာနက်ကို လက်မှတ်ရွီးထိုး၍ခန့်အပ်လိုက် ခြင်းဖြစ်သည်။
ဟွန်မာနက်က “ဝန်ကြီးချုပ်အဖြစ် ၎င်းအား ခန့်အပ်ပီးသည့်အတွက် ဘုရင်အားကျေးဇူးတင်ပါကြောင်း ပြောကြားပြီး ကမ္ဘောဒီယားနိုင်ငံတော်နန့် ပြည်သူများအတွက် တာဝန်ထမ်းဆောင်ရခြင်းသည် ဘဝ၏ အမြင့်မားဆုံး ဂုဏ်ယူမှု ဖြစ်ကြောင်း” ပြောဆိုသည်။
ယင်းအပြင် ကမ္ဘောဒီးယားလူမျိုးများ၏ လူနီမှုအဆင့်အတန်းနန့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ဆက်လက်မြှင့်တင်မည့် တာဝန်များကို ကျီပွန်စွာ ထမ်းဆောင်ရန် သန္နိဋ္ဌာန်ချထားကြောင်းလေ့ ဟွန်မာနက်က ဆက်လက်ပြောကြားခသည်။
ပြီးခသည့်ဂျူလိုင်လ ရွီးကောက်ပွဲတွင် ဟွန်ဆန်၏ လက်ဟိအာဏာရပါတီ (CPP) က အနိုင်ရခပြီးနောက် ရက်ပိုင်းအကြာ ဂျူလိုင်၂၆ ရက်နိတွင် ဟွန်ဆန်က ၎င်း၏သား ဟွန်မာနက်ကို ဝန်ကြီးချုပ်သစ်အဖြစ် အာဏာလွှဲပီးမည်ဟု ကြေညာခသည်။
ဟွန်မာနက်ကို တရားဝင်ဝန်ကြီးချုပ်သစ်အဖြစ်ခန့်အပ်ရန် လာမည့် ဩဂတ်စ် ၂၂ ရက်နိတွင် အမျိုးသားလွှတ်တော်တွင် မဲဆန္ဒခံယူပွဲ ကျင်းပလားမည်ဖြစ်ပြီး အနိုင်ရပါက ယင်းနိမှာပင် ဝန်ကြီး ချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလားမည်ဖြစ်သည်။
အသက် ၄၅ နှစ်အရွယ် ဟွန်မာနက်သည် လက်ဟိ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ဗဟိုကော်မတီ၏ အမြဲတမ်း ကော်မတီဝင် ဖြစ်ပြီး ကမ္ဘောဒီးယား တော်ဝင်စစ်တပ်၏ ဒုတိယ စစ်ဦးစီးချုပ်နန့် ကြည်းတပ်စစ်ဦးစီး ဖြစ်သည်။
Source – Cambodias king endorses Hun Manet as next prime minister
Photo – CFP
