APM၊ ဩဂတ်စ် ၇ / ၂၀၂၃
ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် သြဂတ်စ် ၆ ရက်နိက ခရီးသည်တင်မီးရထားတစီး လမ်းချော်တိမ်းမှောက်ရာမှ လူ ၃၀ ထက်မနည်းသီဆုံးခပြီး ၉၀ကျော် ထိ ခိုက် ဒဏ်ရာရဟိလားကြောင်း အာဏာ ပိုင်များက ပြောပါသည်။
ခရီးသည် ၉၅၀ ထက်မနည်း တင်ဆောင်လာသည့် အမြန်ရထားတစီးသည် ကရာချိမြို့မှ မိုင်၁၇၀ လောက်အကွာဟိဆင်းဒ် ပြည်နယ်တောင်ပိုင်း နဝပ်ဘ်ချားခရိုင်၊ ဟာဗယ်လီယန်မြို့သို့ထွက်ခွာလာစဉ်ရထားလမ်းချော်ပြီး ရထားတွဲ ၁၀ တွဲ ပြုတ်ကျ တိမ်းမှောက်လားခသည်။
ရထားတွဲများပြုတ်ကျခြင်းကြောင့် လူ အယောက် ၃၀ ထက်မနည်းသီဆုံးခပြီး ၉၀ကျော် ထိခိုက်ဒဏ်ရာရကာ ပိတ်မိနီလူများဟိနီသိမ့်ကြောင်း ကယ်ဆယ်ရီးလုပ်သားများက ဆိုသည်။
ထိခိုက်ဒဏ်ရာရများအား အနားဟိ ပြည်သူ့ဆီးရုံကြီးသို့ ပို့ဆောင်ထားပြီး ရထားတွဲများ တိမ်းမှောက်ရသည့် အကြောင်းအရင်းကို တာဝန်ဟိလူများက စုံစမ်းစစ်ဆီးနီသည်ဟု သိရသည်။
မီးရထားဝန်ကြီးဌာနက အဆိုပါ ရထားတိမ်းမှောက်ရခြင်းသည် ရထားလမ်း များ၌ ဆက်သွယ်ရီးနန့် အချက်ပြစနစ်များမဟိသည့်အပြင် လုံခြုံရီးစံနူန်းများညံ့ဖျင်းသည့်အတွက် လူပေါင်းများစွာအသက်ဆုံးယှုံးမှုများဖြစ်ပေါ်နီကြောင်း ဆိုထားသည်။
Source – Express train derails in southern Pakistan, killing 30 people and injuring more than 90
Photo – AP