APM ၊ ဩဂတ်စ် ၇ /၂၀၂၃
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင်း ရက္ခိုင်ပြည်တွင် နောက် နှစ်ရက်အတွင်း ကုလားတန်မြစ်ရီမြင့်တက်လာနိုင်၍ ကျောက်တော်အပါအဝင် မြစ်ကမ်းတလျှောက် မြီနိမ့်ပိုင်း၌နီထိုင်သည့်လူများ အထူး သတိပြု နီထိုင်ကတ်ရန် မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အေနိ ညဇာ တွင်ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်၌ “ဒေနိ မြန်မာစံတော်ချိန် ၂ နာရီခွဲ အချိန်တိုင်းထွာချက်များအရ ကုလားတန် မြစ်ရီသည် ကျောက်တော်မြို့၌ ယင်းမြို့၏ စိုးရိမ်ရီမှတ် အောက် ၃ ပေလောက်တွင်ရောက်ဟိနီပါသည်။ အဆိုပါမြစ်ရီသည် နောက် ၂ ရက် အတွင်း ယင်းမြို့၏စိုးရိမ်ရီမှတ်သို့ ရောက်လာနိုင်ပါသည်”ဟု ဆိုသည်။
ယင်းသို့ ကုလားတန်မြစ်ရီမြင့်တက်လာနိုင်၍ ကျောက်တော်မြို့နယ် အပါအဝင်ကုလားတန်မြစ်ကမ်းနားနန့် မြီနိမ့်ပိုင်း ဒေသများတွင် နီထိုင်လူများအနီနန့် အထူး သတိပြုနီထိုင်ကတ်ရန်လေ့ မိုး/ဇလက အကြံပြုထားသည်။
ကုလားတန်မြစ်ရီသည် လက်ဟိတွင်လေ့ မြင့်တက်လျက်ဟိပြီးကျောက်တော်မြို့ နယ်မှ မြီနိမ့်ပိုင်းကျေးရွာအများစုတွင် ရီကြီးမှု ဖြစ်ပွားလျက်ဟိပါသည်။
ရက္ခိုင်ပြည်တွင် ဂျူလိုင် ၃၁ ရက်နိမှလက်ဟိအချိန်ထိ မိုးအဆက်မပြတ် ရွာသွန်းနီကာ မြစ်/ချောင်းရီများမြင့် တက်လာမှု ကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲ၊ ပေါက်တော၊ဘူးသီးတောင်၊မောင်တော စသည့် မြို့နယ်များမှကျေးရွာတချို့တွင်လေ့ ရီကြီးရီလျှံမှုများဖြစ်ပေါ်ပြီးလမ်းပမ်းဆက်သွယ်ရီးပြတ်တောက်နီသည်။
ယင်းအပြင် ပင်လယ်ရီတိုက်စားကာ ကမ်းထောင်းပြိုကျမှုများကြောင့် နီအိမ်များပျက်စီးခြင်းအပါအဝင် လူသီဆုံးများဟိ ကြောင်းလေ့ သိဟိရသည်။
Photo- မိုး/ဇလ