APM၊ ဩဂတ်စ် ၇/ ၂၀၂၃
ချင်းပြည်၊ မင်းတပ်မြို့နယ်တွင် ချင်းအမျိုးသားကောင်စီ(မင်းတပ်) CNC(Mindat) ဖွဲ့စည်းကြောင်း CDFMindat ၏ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရီးအဖွဲ့က ဩဂတ်စ် ၆ ရက်နိတွင် ထုတ်ပြန်ကြေညာသည်။
ထုတ်ပြန်ချက်၌ မင်းတပ်မြို့နယ်သည် ဖက်ဒရယ် ဒီမိုကရေစီရဟိရီး တိုက်ပွဲတွင် တော်လှန်ရီးတပ်ဦးမှ တော်လှန်လာခသည် မှာ ၂နှစ်ကျော်လာပြီး ဖြစ်ကြောင်း၊ မင်းတပ်မြို့နယ်အတွင်း အုပ်ချုပ်ရီး၊ကာကွယ်ရီး၊ တရားစီရင်ရီး၊ လုံခြုံရီးနန့် လူသား ချင်းစာနာထောက်ထားရီးစသည့် လုပ် ငန်းစဉ်များကို စနစ်တကျအကောင်အထည်ဖော်နိုင်သည် မှာ ပြည်တွင်း၊ ပြည်ပ တော် လှန်ရီးအင်အားစုများ၏ အင် တိုက်အားတိုက် ပူးပေါင်း ပါဝင်မှုကြောင့် ဖြစ်ပါကြောင်းဖော်ပြသည်။
လက်ဟိတွင် အကြမ်းဖက်စစ်အာဏာသျှင် အမြစ်ပြတ်တော်လှန်ရီးသည် အတိုင်းအတာတခုထိ အောင်အောင် မြင်မြင် ခရီး ပေါက်လာသည့်နန့်အမျှ အနာဂတ် ချင်းလူ မျိုးများအတွက် နိုင်ငံရီးလမ်းစဉ်များ ချမှတ်ရီး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရီး၊ တန်းတူရီး၊ အခြီခံလူ့အခွင့်အရေးများကို အာမခံချက်ပီးမည့် မူဝါဒ လုပ်ငန်းစဉ်များရွီးဆွဲချ မှတ် အကောင်အထည် ဖော်မည့် နိုင်ငံရီးဦးဆောင်အဖွဲ့ အရေးတကြီးလိုအပ်လာနီသည်ဟု ထုတ်ပြန်ချက်တွင် ပါဟိသည်။
ယေဇူးနန့် ယင်းမူဝါဒလုပ်ငန်းစဉ်များကို ရွီးဆွဲအကောင် အထည်ဖော်နိုင်ရန် ပြည်တွင်းပြည်ပ တော်လှန်ရီးအင် အားစုများ ပူးပေါင်း၍ ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ(မင်းတပ်) CNC (Mindat) ကို ဖွဲ့စည်း လိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – CDF Mindat