
APM ၊ သြဂတ်စ် ၇/၂၀၂၃
မိုးကြီး၍ မြောက်ဦးမြို့နယ်၊ မြတန်ဆောင်းစစ်ဖီးယှောင်းစခန်းတွင် လူနီဆောင်များအားလုံး ရီနစ်မြုပ်လားရာ စစ်ဖီးယှောင်များအားလုံးကို ကုန်းမြင့်နီရာသို့ အရေးပေါ်ရွှိပြောင်းထားရကြောင်း သိရသည်။
ယင်းစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၃၀၀ လောက်နန့် လူဦးရေ ၁၀၀၀ ကျော် ခိုလှုံနီထိုင်လျက်ဟိသည်။
ဩဂတ်စ် ၁ ရက်နိကပင် လက်ဟိအချိန်ထိ မိုးအဆက်မပြတ်ရွာသွန်းနီ၍ အဆိုပါစစ်ဖီးယှောင်စခန်းတွင် ရီ ၄ ပေကျော်အထိမြင့်တက်လာပြီး စခန်းတခုလုံးနစ်မြုပ်လားသည်ဟု စစ်ဖီးယှောင်များက ပြောသည်။
လက်ဟိတွင် စစ်ဖီးယှောင်များမှာ ကုန်းမြင့်ရာနီရာများသို့ အရေးပေါ်ပြောင်းရွှိကာ ကန်စပ်များဖြင့် ယာယီတဲများ ဆောက်လုပ်နီထိုင်နီကတ်ရသည်ဟု သိရသည်။
ယင်းစစ်ဖီးယှောင်စခန်းမှ စစ်ဖီးယှောင်များမှာ လက်သမားအလုပ်၊ ပန်းရံအလုပ်များဖြင့် လုပ်ကိုင် စားသောက် နီကတ်ရလူများဖြစ်ပြီး၊ လက်ဟိ ရီလွှမ်းမိုးမှု ဒဏ်ခံနီရ၍ အလုပ်ကို တန့်ထားကတ်ရသည်။
နောက်ရက်များ၌လေ့ မိုးဆက်ရွာပြီး ရီထပ်တက်လာပါက စားနပ်ရိက္ခာနန့် ဆီးဝါးအကူညီများ အရေးပေါ် လိုအပ်လာနိုင်သည်ဟု ဆိုသည်။
အလားတူ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဖီးယှောင်စခန်း၊ တင်းတိန်ကန်စစ်ဖီးယှောင်ရို့တွင်လေ့ ရီကြီးမှုဖြစ်ကာ နီအိမ်များ ရီနစ်မြုပ်နီ၍ စစ်ဖီးယှောင်များကို ကုန်းမြင့်နီရာများသို့ ရွိပြောင်းထားရကြောင်း သိဟိရသည်။



