APM ၊ ဂျူလိုင် ၇ / ၂၀၂၃
ရက္ခိုင်ပြည်တိုက်ပွဲကာလများအတွင်း ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟုမတရားစွပ်စွဲကာ မြန်မာစစ်တပ်၏ ဖမ်းဆီးတရားစွဲဆိုခြင်းခံထားရသူများ၏အမှုများ၌ ရုံးချိန်းအကြိမ်ကြိမ် အရွှိခံနီရ၍ အမှုကြန့်ကြာကာ မတရားဖမ်းဆီး တရားစွဲခံထားရသူများမှာ နစ်နာနီကတ်ရ ကြောင်း သိရသည်။
မြန်မာစစ်တပ်သည် ရက္ခိုင်ပြည်တွင် AA နန့် တိုက်ပွဲများပြင်းပြင်း ထန်ထန် ဖြစ်ပွားသည့်အခါတိုင်း ရက္ခိုင်ပြည်မြို့နယ် အသီးသီးမှ အပြစ်မဲ့ပြည်သူများကို AA နန့်ဆက်စပ်သည်ဟု စွပ်စွဲကာ မတရားဖမ်းဆီးလျက် ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆို လိဟိသည်။
ပြီးခသည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းက မြန်မာစစ်တပ်ဖမ်းယူလားကာ မရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)နန့်တရား တရားစွဲခံထားရသည့် မင်းပြားမှ အပျော်တန်း ဓာတ်ပုံဆရာတယောက်အပါ အဝင် ကျောက်တော်က ၉ ယောက်အမှုကို ဂျူလိုင် ၆ ရက်နိက ရုံးထုတ်ခကေလေ့ မြန်မာစစ်တပ်ဖက်မှ တရားလိုမရောက်၍ ရုံးချိန်းထပ်ရွှိလိုက်သည်။
ယင်းအပြင် AA အတွက် ငွေကြေးကောက်ခံ သည်ဟုဆိုကာ မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅ (က)နန့် တရားစွဲခံထားရသည့် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင်နန့် ဒေါ်ခင်အုန်းနွဲ့ ရို့အမှုတွင်လေ့ လိုပြသက် သီများ အားလုံးစစ်ဆီးပြီး၍ အပြီးသတ်အမိန့်ချရန်ရာ ကျန်နီကာ ရုံးချိန်းအကြိမ်ကြိမ်ရွှိခံနီရသည်။
အလားတူ တခြား ရက္ခိုင်ပြည်မြို့နယ်အသီးသီးမှ မြန်မာစစ်တပ်ဖမ်းဆီးတရားစွဲခံထားရသူများ၏ အမှုများတွင်လေ့ တရားလိုဖက်က ရုံးချိန်းပျက်ကွက်နီ၍ ကြန့်ကြာနီကတ်ရသည့် အမှုပေါင်း မြေက်မြားစွာဟိနီပြီး ရုံးချိန်း (၅) ကြိမ်ကနီ (၁၀) ကြိမ်ကျော်အထိ ရွှိဆိုင်းခံနီရသည်။
ယင်းသို့ တရားလိုဖက်မှ ရုံးချိန်းပျက်ကွက်နီ၍ စွပ်စွဲခံရသူအမှုသည်များတွင် ရုံးချိန်းလားရသည့် စရိတ်စခ အပါအဝင် နစ်နာမှုများစွာဟိနီကာ အမှုကို အယင်စစ်ဆီးပြီး အပြစ်ဟိက ပြစ်ဒဏ်ချ၊ အပြစ်မဟိက အယင်ဆုံး ပြန်လွှတ်ပီးစီချင် ကြောင်း စွပ်စွဲခံရသူများ၏ မိသားစုဝင်များက တောင်းဆိုနီကတ်သည်။
မြန်မာစစ်တပ်သည် စစ်ပွဲကနဦး ကာလကပင် ဒေနိအထိ အပြစ်မဲ့အာရက္ခပြည်သူစုစုပေါင်း ၅၉၄ ယောက်ကို အကြောင်းအ မျိုးမျိုးပြ ဖမ်းဆီးခပြီး ယင်းအထဲက တချို့ကို ပြန်လွှတ်ပီးခကာ ကျန်လူအများအပြားကို လက်ဟိအချိန်ထိ အချုပ်ခန်းများ နန့် အကျဉ်းထောင်များ၌ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။