
APM၊ ဂျူလိုင် ၇/ ၂၀၂၃
တရုတ်နိုင်ငံတွင် ကိုဗစ်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို ရုတ်သိမ်းလိုက်ပြီးနောက် ပြီးခသည့်ဂျုန်လ တလတည်းအတွင်း ကိုဗစ် ကြောင့် လူ ၂၃၉ ယောက် သီဆုံးခကြောင်း အာဏာပိုင်များက သတင်းထုတ် ပြန်သည်။
တရုတ်ရောဂါထိန်းချုပ်ရီးနန့် ကာကွယ်ရီးဗဟိုဌာန၏ ထုတ်ပြန်ချက်အရ ဒေနှစ်မာ့ချ်နန့် ဧပြီတွင် သီဆုံးသူ လုံးဝ မဟိခဘဲ မေလတွင် ကိုဗစ်ကြောင့် ၁၆၄ ယောက် သီဆုံးခပြီး ဂျုန်လမှာ ၂၃၉ ယောက် သီဆုံးခခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ၂၀၂၀ခုနှစ် ကိုဗစ်စတင်ဖြစ်ပွားခသည့်အချိန်မှစ၍ “Zero-COVID” ကန့်သတ်ထိန်းချုပ်ရီးဗျူဟာကို အသုံးပြုလျက်တင်းကျပ်သည့် စည်းမျည်းစည်းကမ်းများချမှတ်ကာ သီးသန့်ခွဲထားခြင်း၊ နယ်စပ်ပိတ်ခြင်းနန့် မဖြစ်မနီ စမ်းသပ်စစ်ဆီးခြင်းရို့ကို လုပ်ဆောင်ခသည်။၊
ကမ္ဘာ့ကျန်းမာရီးအဖွဲ့(WHO)က တရုတ်နိုင်ငံတွင် ကိုဗစ်စတင်ဖြစ်ပွားသည့် ၂၀၂၀ခုနှစ်၊ ဂျန်နဝါရီ ၃ရက်နိမှ ၂၀၂၃ခုနှစ်၊ ဂျူလိုင် ၅ ရက်နိအထိ ကိုဗစ်အတည်ပြုလူနာပေါင်း ၉၉,၂၉၂,၀၈၁ ယောက်နန့် သီဆုံးသူပေါင်း ၁၂၁,၄၉၀ ဟိကြောင်း ထုတ်ပြန်ထားသည်။
Source – China says 239 people died from COVID-19 in June in a significant uptick/ AP
Photo – RFA
