
APM၊ ဂျူလိုင် ၇/ ၂၀၂၃
စစ်တကောင်းမြို့အနား ဘင်္ဂလားပင် လယ်အော်တွင် ဂျူလိုင် ၆ရက်နိ၊ နိခင်း ၁၁နာရီခွဲလောက်က ကုန်တင်သင်္ဘောတစီး နစ်မြုပ်လားခကြောင်း သတင်းရဟိသည်။
Pangaon Express နာမည်ဟိ အဆိုပါကုန်တင်သင်္ဘောသည် စစ်တကောင်းဆိပ်ကမ်းမှ ပန်ဂွန်းကုန်းတွင်း ကုန်သေတ္တာ စခန်းသို့ ကွန်တိန်နာများတင် ဆောင်၍ မောင်းနှင်လာစဉ် ဘာဆန်ချာကျွန်းနားအရောက် ရာသီအခြေအနီဆိုးဝါးမှုကြောင့် နစ်မြုပ်လားခြင်းဟုသိရသည်။
သင်္ဘောနစ်မြုပ်မှုအတွင်း သင်္ဘောတွင်ပါလာသည့်သင်္ဘောသား ၁၂ ယောက်နန့် ကိုယ်စားလှယ်၂ယောက်အပါအဝင် စုစုပေါင်း ၁၄ ယောက်ကို ကယ်တင်နိုင်ခသည်ဟု သိရသည်။
သင်္ဘောသားများကိုခေါ်ယူရန် နောက် ထပ်သင်္ဘောတစင်း လွှတ်ထားကြောင်း စစ်တကောင်း ဆိပ်ကမ်းအာဏာပိုင်များက ပြောသည်။
သင်္ဘောသည် ထက်ဝက်လောက်နစ်မြုပ်လားသည့်အတွက် သင်္ဘော၌ တင်ဆောင်လာသည့် ကွန်တိန်နာ ၉၆လုံးထဲမှ ၃ လုံး မျောပါဆုံးယှုံးလားခသည်ဟု ဆိုသည်။
လက်ဟိ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနီပြီး လှိုင်းဟိနီခြင်းကြောင့် ဆိပ်ကမ်းများ၌ သတိပီး အချက်ပြ အမှတ်(၃) ကို လွှင့်တင်ထားကတ်ရန် ဘင်္ဂလားဒေ့ချ်မိုးလီဝသဌာနက သတိပီးတိုက်တွန်းထားသည်။
Source – Cargo ship partially sinks, loses three containers in Bay of Bengal/ bd news24
Photo – Dhaka Tribune
