
APM ၊ ဂျူလိုင် ၇ /၂၀၂၃
ဒေနှစ်အတွင်း ရက္ခိုင်ပြည်မြို့နယ်များတွင် ခြင်မှတဆင့်ကူးစပ်သည့် သွီးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု သိသိသာသာ များလာနီ ကြောင်း ကျန်းမာရီးဌာန၏စာရင်းများအရ သိရသည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း သွီးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပိုများပြီး ဒေနှစ် ဂျန်နဝါရီလမှ ဂျုန် ၆ ရက်နိအထိ ရက္ခိုင်ပြည်တဝန်းတွင် ရောဂါဖြစ်ပွားသူ ၁၀၀ ကျော်ဟိခရာမှ ဂျုန် ၃၀ ရက်နိတွင် အယောက် ၄၀၀ ကျော်ထိ များပြား လာကာ ဂျုန်လတလတည်းမှာပင် သွီးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၀၀ ကျော်အထိ ဟိခသည် ဟုဆိုသည်။
ရာသီတုပ်ကွေး ရောဂါလက္ခဏာနန့် ဆင်တူသည့်အဆိုပါ သွီးလွန်တုပ်ကွေးရောဂါမှာ အသက် ၁၅ နှစ်အောက် အချေ များတွင် အဖြစ်များပြီး နောက်ပိုင်း၌ သက်ကြီးပိုင်းများတွင်လေ့ ဖြစ်ပွားမှုများတွိလာရသည်။
သွီးလွန်တုပ်ကွေး ရောဂါလက္ခဏာများမှာ အဖျားကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ကြွက်သားနန့် အဆစ်အမြစ် ကိုက်ခြင်း၊ မျက်လုံးနာခြင်း၊ ဝမ်းနာ၊ဝမ်းအောင့်ခြင်း၊ ပျို့အန်ခြင်းနန့် ခန္ဓာကိုယ်အနှံ့ အနီအကွက်များပေါ်ခြင်း စသည့် ရောဂါလက္ခဏာများပြသကြောင်းသိရသည်။
သွီးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားကိုက်ခံရခြင်းမှ တဆင့်ဖြစ်ပွားတတ်ခြင်းဖြစ်ပြီး တခါတရီ အသက်သီဆုံးနိုင်၍ ရောဂါဖြစ်ပွားလာပါက ဆီးရုံ၊ ဆီးခန်းများသို့ အယင်ဆုံးလားရောက်ကုသကတ်ရန် ကျန်းမာရီးဌာနက အသိပီးထားသည်။
