APM ၊ ဂျူလိုင် ၇/ ၂၀၂၃
ဒေနိ(ဂျူလိုင် ၇)ရက်နိတွင်ကျရောက်သည့် ဆဲဗင်းဂျူလိုင်ကျောင်းသား အရေးတော်ပုံ (၆၁) နှစ်မြောက်နိ အထိမ်းအမှတ် အဖြစ် မြန်မာပြည်တဝန်းတွင် လှုပ်ယှားမှုများပြုလုပ်ခကတ်သည်။
ရန်ကုန်မြို့က အထင်ကရနီရာများတွင် ဆဲဗင်းဂျူလိုင်နိအထိမ်းအမှတ်အဖြစ် စစ်အာဏာသျှင်ဆန့်ကျင်သည့် ကျောင်းသား လူငယ်များက ဆန္ဒပြမှုများပြုလုပ်ခသည်။
စစ်ရီးအခြေအနီပြင်းထန်နီသည့် စစ်ကိုင်းတိုင်းမှ ပုလဲမြို့ နယ်၊ ယင်းမာပင်မြို့နယ်၊ ဝက်လက်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသများတွင်လေ့ ဆဲဗင်းဂျူလိုင်နိအဖြစ် ကျောင်းသားသမဂ္ဂများ၊ဗကသကျောင်းသားများ၊ တကသ ကျောင်းသားများနန့် ဒေသခံပြည်သူ များက စစ်အာဏာသျှင်အမြစ်ပြတ်တော်လှန်ရီး ချီတက်ဆန္ဒပြခကတ်သည်။
အလားတူ ပဲခူးတိုင်းမှ ကြို့ပင်ကောက်မြို့နယ်၊ မကွေးတိုင်းမှ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်ရို့တွင်လေ့ တော်လှန်ရီး အင်အားစုများ နန့် သပိတ် အင်အားစုများက ချီတက်ဆန္ဒပြ၊ ဟောပြောပွဲများ ပြုလုပ်ခသည်။
ယင်းအပြင် တနင်္သာရီတိုင်းမှ သရက်ချောင်းနန့် လောင်းလုံမြို့နယ်၊ ထားဝယ်မြို့နယ်ရို့တွင်လေ့ ဆဲဗင်းဂျူလိုင်နိ အထိမ်း အမှတ် ချီတက်ဆန္ဒပြမှုများနန့် ဆဲဗင်းဂျူလိုင်နိကျဆုံးခသည့် ကျောင်းသားများအား အလေးပြုသည့်အခမ်းအနားများ ပြုလုပ်ခကတ်သည်။
ချီတက်ဆန္ဒပြခကတ်သည့် သပိတ်စစ်ကြောင်းများသည် ဆဲဗင်းဂျူလိုင်အရေးအခင်းအတွင်း သမဂ္ဂအဆောက်အအုံကို ဖြိုခွဲဖျက်ဆီးခံခရကေလေ့ အာဏာသျှင်အဆက်ဆက် ကျောင်းသားလူငယ်များ၏ သမဂ္ဂစိတ်ဓာတ်ကို ဖြိုခွဲ၍ ရမည် မဟုတ်ကြောင်း၊ ၇-၇-၆၂ နိကို မမိကတ်ရန် ပြည်သူများကို နှိုးဆော်တိုက်တွန်းခကတ်သည်။
ဆဲဗင်းဂျူလိုင်နိမှာ လွန်ခသည့်၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ကန့်ကွက်သည့် ကျောင်းသားလှုပ်ယှားမှုများပေါ်ပေါက်လာရာ စစ်အာဏာသျှင်များက ဂျူလိုင် ၇ ရက်နိတွင် တက္က သိုလ်ကျောင်းသား တရာကျော်ကို ပစ်ခတ်သတ်ဖြတ်၍ သမိုင်းဝင်သမဂ္ဂအဆောက်အအုံကိုပါ ဗုံးခွဲဖြိုချပစ်ခသည့် နိရက်ဖြစ်သည်။
Photo – ခေတ်သစ် မီဒီယာ