APM ၊ ဂျူလိုင် ၇ / ၂၀၂၃
မေ ၁၄ ရက်နိက ဝင်ရောက်ခသည့် Moch ဆိုင်ကလုန်းမုန်တိုင်းကြောင့် တကျွန်းနီးပါးပျက်စီးလားခရသည့် ပေါက်တော မြို့နယ် ၊ င/ပြီကျွန်းဒေသတွင် မိုးတွင်းရောက်လာကေလေ့ အဂုအချိန်ထိ သောက်သုံးရီ အခက်အခဲဖြစ်နီကြောင်း ရွာသား များပြောကြားချက်အရ သိရသည်။
င/ပြီကျွန်းဒေသတွင် ကျေးရွာ ၃ ရွာနန့် သောက်ရီသုံးရီကန်ပေါင်း ၁၀ လောက်ဟိပြီး မုန်တိုင်းကြောင့် ရီကန်များ အားလုံး ပျက်စီးကာ သောက်ရီပြသာနာကို အဓိက ရင်ဆိုင်နီရကြောင်း ရွာသားများကပြောသည်။
ယင်းသို့ ရီကန်များအသုံးပြုမရ၍ သောက်ရီအတွက် မိုးရီကိုအားထားနီကတ်ရပြီး ရက်တာရှည်မိုးမရွာလျင် မြစ်တဖက် ကမ်းဟိ တခြားကျေးရွာများမှ ဘုတ်၊ စက်လှီများဖြင့် လားရောက်ခပ်ယူနီကတ်ရသည်။
ယင်းအပြင် သုံးရီအတွက်လေ့ မသန့်ယှင်းသည့် ကန်ရီ ၊ ဆားငန်ရီများကိုရာ အသုံးပြုနီကတ်ရပြီး နောက်ဆက်တွဲအနီနန့် အရီပြားယားယံခြင်းများနန့် တခြား မကျန်းမမာမှုများ ဖြစ်ပေါ်လာကြောင်းလေ့ ဒေသခံများက ဆိုကတ်သည်။
င/ပြီကျွန်းဒေသသည် စစ်တွေမြို့နယ်နန့် ပေါက်တောမြို့နယ်ကြား ကုလားတန်မြစ်ဝတွင် တည်ဟိပြီး ကျွန်းပေါ်၌ ကျေးရွာ သုံးရွာပေါင်း အိမ်ခြီ ၅၃၀ ကျော်နန့် လူဦးရေ ၃၁၄၃ ယောက် နီထိုင်ကြောင်း သိရသည်။