
APM ၊ ဂျူလိုင် ၇ / ၂၀၂၃
မြန်မာပြည်တွင် မြန်မာစစ်တပ်ကျူးလွန်နီသည့် ပြစ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)သို့ လွှဲ ပြောင်းပီးရန် ဂျူလိုင် ၆ ရက်နိက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို၌ ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၃) ကြိမ်မြောက် အစည်းအဝေးတွင်ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီး ဗော်ကာတာ့ခ်က တိုက်တွန်းလိုက်သည်။
မြန်မာပြည်တွင် လူ့အခွင့်အရေးအခြေအနီ ဆက်တိုက်ဆိုးဝါးနီပြီး မြန်မာစစ်တပ်သည် နိုင်ငံတကာ လူ့အခွင့်အရေး စည်း ကမ်းများနန့် ဥပဒေများကို လိုက်နာခြင်းမဟိကြောင်း ထင်ရှားသည့်အတွက် လုံခြုံရီး ကောင်စီအနီနန့် ICC တရားရုံးသို့ လွှဲပြောင်းပီးရန် ဗော်ကာတာ့ခ်က တိုက်တွန်းသည်။
မြန်မာစစ်တပ်သည်အာဏာသိမ်းရာမှဖြစ်ပေါ်လာသည့်လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုနန့် နိုင်ငံရီးအကျပ်အတည်းများ ကို ဖြေယှင်းရန် ကြိုးပမ်းမှုများကို လုံးဝဂရုမစိုက်ကြောင်း ပြသခပြီး အရပ်သားများအပေါ် အကြမ်းဖက်မှုရပ်တန့်ရီး တောင်းဆိုမှုများကို အကြိမ်ကြိမ်လျစ်လျူရှုခသည်ဟု ဆိုသည်။
အလားတူ မြန်မာစစ်တပ်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ မတရားကွပ်မျက်မှုနန့် ဖမ်းဆီးမှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်လုပ်ဆောင်နီသည်ဟု ဗော်ကာတာ့ခ်က ပြောသည်။
မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍မြန်မာစစ်တပ်၏ အကြမ်းဖက်သတ် ဖြတ်မှုများကြောင့် သီဆုံးသူ ၃,၇၄၇ ယောက် ဟိလာပြီး ဖမ်းဆီးခံထားရသူ ၂၃,၇၄၇ ယောက်ဟိလာသည်ဟု ဆိုသည်။
မြန်မာပြည်တဝန်းတွင် မြန်မာစစ်တပ်၏ လီကြောင်းတိုက်ခိုက်မှုနန့် မီးတိုက်ဖျက်ဆီးမှုများကြောင့် လူနီအိမ် ၇၀,၀၀၀ ထက် မနည်း မီးလောင်ပျက်စီးဆုံးယှုံးလားပြီး လူပေါင်း ၁.၅ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ဗြီးရကြောင်း ပြောကြားခသည်။
ယင်းအပြင် ဒုက္ခရောက်နီကတ်သည့် ပြည်သူများသို့ ကယ်ဆယ်ရီးပစ္စည်းများ ပီးပို့ခွင့်ကို မြန်မာစစ်တပ်က ဆက်လက် ပိတ် ပင်ထားသည့်အတွက် လုံခြုံရီးကောင်စီအနီနန့် ယင်းကဲ့သို့ လူ့အခွင့်အရေးနန့် နိုင်ငံတကာဥပဒေများအား ဆက်လက် ချိုး ဖောက်နီသည့် မြန်မာစစ် တပ်ကို ICC တရားရုံးက အရေးယူနိုင်ရီးအတွက် လွှဲပြောင်းပီးရန် တိုက်တွန်းတောင်းဆိုလားခ သည်။
Source – HRC53 – Interactive Dialogue on the report of the High Commissioner on human rights in Myanmar – EU Statement
Photo – Reuters
