
APM၊ ဂျူလိုင် ၇/ ၂၀၂၃
ထိုင်းနိုင်ငံ၊ အန်ထော်ခရိုင်၊ ဟွာတဖွန်မြို့ဟိ ထိုင်းရတ် ဝေ့တ်တရာ နံပတ် ၆ စာသင်ကျောင်းမှ ဖမ်းဆီးထားသည့်မြန်မာ စစ်ဖီးယှောင်ကျောင်းသားချေ ၁၂၆ယောက်ကို ထိုင်းအာဏာပိုင်များက မြန်မာပြည်သို့ ပြန်ပို့ဖို့ ဆုံးဖြတ်ထား ကြောင်း သိရသည်။
ယင်းကျောင်းသားများအထဲမှ အယောက် ၃၀ကို မိဖများနန့်တတူ မြန်မာပြည်သို့ပြန်ပို့လိုက်ယာဖြစ်ပြီး ကျန်သည့် ကျောင်းသားများမှာ ချင်းရိုင်မြို့တွင်ဟိသည့် လူမှုဖွံဖြိုးရီးနန့် လူသားချင်းလုံခြုံမှုဆိုင်ရာခရိုင်ရုံးတွင် စောင့်ဆိုင်းနီ ကတ်ကြောင်း ဒေနိ (ဂျူလိုင် ၇ ရက်နိ)ထုတ် ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။
အဆိုပါစစ်ဖီးယှောင်ကျောင်းသားချေများမှာ ပြီးခသည့် ဂျူလိုင် ၆ ရက်နိက ထိုင်း လဝက နန့် အာဏာပိုင်များက စာသင် ကျောင်းသို့ဝင်ရောက်ဖမ်းဆီးရာမှ တရားမဝင် နီထိုင်မှု လဝကဥပဒေဖြင့် အမှုဖွင့်ကာ မြန်မာပြည်သို့ ပို့ဆောင်ခံရခြင်းဖြစ် သည်။
မြန်မာကျောင်းသားချေများနန့်တတူ ထိုင်းနိုင်ငံသားကျောင်းသားချေ ၇ ယောက်ဖမ်းဆီးခံခရပြီး ဆရာ/ဆရာမ ၄ယောက်နန့် ကျောင်းတာဝန်ခံကို တရားမဝင် နိုင်ငံခြားသား လက်ခံထားမှုဖြင့် ဖမ်းဆီးခကြောင်း သိရသည်။
အဆိုပါ မြန်မာကျောင်းသားချေများ သည် ချင်းရိုင်ခရိုင်ထဲမှ မြန်မာ-ထိုင်းနယ်နိမိတ်ဟိ မဲ့စလောင်းတောင်ထက်မှ အာခါ တိုင်းရင်းသားကျေးရွာက ဖြစ်ပြီး အသက် ၇နှစ်မှ ၁၆ နှစ်အရွယ် မူလတန်းကျောင်းသားချေများ ဖြစ်ကတ်သည်။
ထိုင်းအာဏာပိုင်များ၏ လုပ်ရပ်အပေါ် ထိုင်းပညာရီးအသိုင်းအဝိုင်းမှ ပညာသျှင်များနန့် NGOအဖွဲ့အစည်းများက ရှုံ့ချ ထားပြီး ထိုင်းတွင် ကျောင်းပညာသင်ကြားရန် အရည်အချင်းပြည့်မှီသူတိုင်း စာသင်ခွင့်ဟိကြောင်းနန့် အာဏာပိုင်များက မလိုအပ်ဘဲ ကျောင်းသားများကို နီရပ်ပြန်ပို့ခြင်းဖြစ်ကြောင်း ဝေဖန်နီကတ်သည်။
Ref ; Decision to deport Myanmar children condemned/ Bangkok Post
NHRC to stop 126 undocumented Myanmar children from being repatriated/ Thai PBS World
Photo – Bangkok Post
