
APM ၊ ဂျူလိုင် ၇ / ၂၀၂၃
ကျောက်တော်-ပလက်ဝ ရီလမ်းကြောင်းမှတဆင့် ပလက်ဝသို့ ကုန်စည်သယ်ယူခွင့်ကို လက်ဟိအချိန်ထိ မြန်မာစစ်တပ်က ကန့်သတ်ထားဆဲဖြစ်၍ ပလက်ဝမြို့နယ်အတွင်း ကုန်ဈီးနှုန်းများ ဆက်လက်မြင့်တက်နီဆဲဖြစ်ကြောင်း သိရသည်။
ယင်း ပလက်ဝ-ကျောက်တော်ရီလမ်းကြောင်းကို ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ အပစ်အခတ်ရပ်စဲပြီး နောက် ပိုင်း ပြန်ဖွင့်ပီးခကေလေ့ လက်ဟိအချိန်ထိ စစ်ကောင်စီ ဇက်ရီယာဉ်တခုတည်းရာဗြီးဆွဲခွင့်ရနီပြီး ပုဂ္ဂလိကစက်လှီများမှာမူ ဗြီးဆွဲခွင့်မရသိမ့်ဟုဆိုသည်။
ယင်းဇက်ရီယာဉ်တွင် ပစ္စည်းတင်ဆောင်ခွင့်ကို မြန်မာစစ်တပ်က ကန့်သတ်ထားပြီး ခွင့်ပြုသည့် အတိုင်းရာ တင်ဆောင် နီရကာ လမ်းခရီးဟိ မြန်မာစစ်တပ်စစ်ဆီးရီးဂိတ်များတွင်လေ့ ငွေကြေးပီးဆောင်ရသည့်ပြင် ဆီးဝါးနန့် သံထည် ပစ္စည်းများဆိုလျှင် သယ်ယူခွင့် လုံးဝမရသိမ့်ကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ ကုန်ပစ္စည်းများသယ်ယူခွင့် ပိတ်ပင်ကန့်သတ်မှုကြောင့် ဒေသအတွင်း ကုန်ပစ္စည်းယှားပါလာကာ ကုန်ဈီးနှုန်းများ အဆမတန် မြင့်တက်လျက်ဟိပြီး စားဆီ တလီတာကို ငွေကျပ် ၈၀၀၀၊ ဓါတ်ဆီတလီတာကို ၁၄၀၀၀ နန့် ပေါ်ဆန်းမွှီးဆန် တအိတ်ကို တသိန်းခွဲနီးပါးအထိ ပီးဝယ်နီရသည်ဟု ဆိုသည်။
ပလက်ဝမြို့နယ်အတွက် လိုအပ်သည့် အခြီခံလူသုံးကုန်ပစ္စည်းများကို ကျောက်တော် – ပလက်ဝရီလမ်း ကြောင်းမှတဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း အဓိက သယ်ယူနီရခြင်းဖြစ်ပြီး၊ မြန်မာစ်တပ်မှ အဂုပိုင် ကန့်သတ်ထားမှုကြောင့် မြို့နယ် အတွင်း ကုန်စည်စီးဆင်းမှုများလေ့နှောင့်နှေးနီကာ ဒေသခံ လက်လုပ်လက်စားများမှာ အခက်အခဲများဖြင့် ရင်ဆိုင်နီ ကတ်ရကြောင်း သိဟိရသည်။
