APM၊ ဂျူလိုင် ၇/၂၀၂၂
ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သံသယဖြင့် မတရားဖမ်းဆီးတရားစွဲခံထားရပြီး အပြီးသတ် စီရင်ချက်ချဖို့ တနှစ်ကျော်ကြာနီသော ပုဏ္ဏားကျွန်းမြို့ နယ်၊ အိုင်ဒင်ရွာသား နှစ်ယောက်အမှုကို လာဖို့ဂျူလိုင် ၂၀ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ပြန်ကြောင်း သိရသည်။
မတရားဖမ်းဆီးတရားစွဲခံထားရသူ အိုင်ဒင်ရွာသား နှစ်ယောက်မှာ ကိုနေလင်းဌေး (၂၇ နှစ်) နန့် ဦးမောင်စောအေး (၃၃ နှစ်) ရို့ဖြစ် ကတ်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလကပင် အပြီးသတ်အမိန့်ချဖို့ ရုံးအကြိမ်ကြိမ်ချိန်းဆိုခကေလေ့ လက်ဟိအချိန်ထိ စီရင်ချက်မချသိမ့်ဘဲ အကြောင်းအမျိုးမျိုးပြကာ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ရုံးချိန်းရွိဆိုင်းနီခြင်းဖြစ်သည်။
ဂျူလိုင် ၆ ရက်နိတွင်လေ့ သူရိုနှစ်ယောက်အား အပြီးသတ်အမိန့်ချရန် ရုံးချိန်းထားပြီးမှ စီရင်ချက်မချခဘဲ လာဖို့ ဂျူလိုင် ၂၀ ရက်နိသို့ ထပ်မံရုံးချိန်းလိုက်ကာ ယင်းနိမှာ အမိန့်ချမှတ်မည်ဟု တရားသူကြီးက ပြောကြားလိုက်ကြောင်း မိသားစုဝင်များက ဆိုသည်။
အိုင်ဒင်ရွာသား ကိုနေလင်းဌေးနန့် ဦးမောင်စောအေးရို့သည် ၂၀၂၀ ပြည့်နှစ် မာ့ချ် ၆ ရက်နိက စစ်တွေမှ မိမိရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆီးရီးဂိတ်မှာ ဖမ်းဆီးခံခရခြင်းဖြစ်သည်။
ယင်းနောက် သူရို့နှစ်ယောက်ကို AA နန့် ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ စစ်တွေအခြီစိုက် အမှတ်(၉၀၈) စစ်မြီပြင် အင်ဂျင်နီယာ တပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်တရားလိုလုပ်၍အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေ ပုဒ်မ-၅၀(ည)၊ ၅၂(က)ရို့နန့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ဟိမှာသူရို့နှစ်ယောက်ကို စစ်တွေအကျဉ်းထောင်၌ထိန်းသိမ်းထားပြီး အကြမ်းဖက်မှုပုဒ်မများနန့်တရားရင်ဆိုင်နီရသည်မှာ ၂ နှစ် ကျော်ကြာမြင့်နီပြီးဖြစ်ကြောင်းသိရသည်။
(Zawgyi)
စီရင္ခ်က္ခ်ဖို႔ တႏွစ္ေက်ာ္ၾကာနီေသာ အိုင္ဒင္႐ြာသား ႏွစ္ေယာက္အမႈ ဂ်ဴလိုင္ ၂၀ ရက္နိသို႔ ႐ုံးခ်ိန္းထပ္႐ႊိျပန္
APM၊ ဂ်ဴလိုင္ ၇/၂၀၂၂
ရကၡိဳင့္တပ္ေတာ္ AA နန႔္ ဆက္စပ္သံသယျဖင့္ မတရားဖမ္းဆီးတရားစြဲခံထားရၿပီး အၿပီးသတ္ စီရင္ခ်က္ခ်ဖို႔ တႏွစ္ေက်ာ္ၾကာနီေသာ ပုဏၰားကြၽန္းၿမိဳ႕ နယ္၊ အိုင္ဒင္႐ြာသား ႏွစ္ေယာက္အမႈကို လာဖို႔ဂ်ဴလိုင္ ၂၀ ရက္နိသို႔ ႐ုံးခ်ိန္းထပ္႐ႊိလိုက္ျပန္ေၾကာင္း သိရသည္။
မတရားဖမ္းဆီးတရားစြဲခံထားရသူ အိုင္ဒင္႐ြာသား ႏွစ္ေယာက္မွာ ကိုေနလင္းေဌး (၂၇ ႏွစ္) နန႔္ ဦးေမာင္ေစာေအး (၃၃ ႏွစ္) ႐ို႕ျဖစ္ ကတ္ၿပီး ၂၀၂၁ ခုႏွစ္၊ ဧၿပီလကပင္ အၿပီးသတ္အမိန႔္ခ်ဖို႔ ႐ုံးအႀကိမ္ႀကိမ္ခ်ိန္းဆိုခေကေလ့ လက္ဟိအခ်ိန္ထိ စီရင္ခ်က္မခ်သိမ့္ဘဲ အေၾကာင္းအမ်ိဳးမ်ိဳးျပကာ အႀကိမ္ႀကိမ္ ထပ္ခါတလဲလဲ ႐ုံးခ်ိန္း႐ြိဆိုင္းနီျခင္းျဖစ္သည္။
ဂ်ဴလိုင္ ၆ ရက္နိတြင္ေလ့ သူ႐ိုႏွစ္ေယာက္အား အၿပီးသတ္အမိန႔္ခ်ရန္ ႐ုံးခ်ိန္းထားၿပီးမွ စီရင္ခ်က္မခ်ခဘဲ လာဖို႔ ဂ်ဴလိုင္ ၂၀ ရက္နိသို႔ ထပ္မံ႐ုံးခ်ိန္းလိုက္ကာ ယင္းနိမွာ အမိန႔္ခ်မွတ္မည္ဟု တရားသူႀကီးက ေျပာၾကားလိုက္ေၾကာင္း မိသားစုဝင္မ်ားက ဆိုသည္။
အိုင္ဒင္႐ြာသား ကိုေနလင္းေဌးနန႔္ ဦးေမာင္ေစာေအး႐ို႕သည္ ၂၀၂၀ ျပည့္ႏွစ္ မာ့ခ်္ ၆ ရက္နိက စစ္ေတြမွ မိမိ႐ြာသို႔ ဆိုင္ကယ္ျဖင့္ ျပန္လာစဥ္ စစ္ေတြၿမိဳ႕နယ္ ေက်ာက္တန္းစစ္ဆီးရီးဂိတ္မွာ ဖမ္းဆီးခံခရျခင္းျဖစ္သည္။
ယင္းေနာက္ သူ႐ို႕ႏွစ္ေယာက္ကို AA နန႔္ ဆက္စပ္သည္ဟု မတရားစြပ္စြဲကာ စစ္ေတြအၿခီစိုက္ အမွတ္(၉၀၈) စစ္ၿမီျပင္ အင္ဂ်င္နီယာ တပ္ရင္းမွ ဗိုလ္ႀကီးေအာင္ၿဖိဳးျမင့္တရားလိုလုပ္၍အၾကမ္းဖက္မႈတိုက္ဖ်က္ရီးဥပေဒ ပုဒ္မ-၅၀(ည)၊ ၅၂(က)႐ို႕နန႔္ တရားစြဲဆိုထားျခင္း ျဖစ္သည္။
လက္ဟိမွာသူ႐ို႕ႏွစ္ေယာက္ကို စစ္ေတြအက်ဥ္းေထာင္၌ထိန္းသိမ္းထားၿပီး အၾကမ္းဖက္မႈပုဒ္မမ်ားနန႔္တရားရင္ဆိုင္နီရသည္မွာ ၂ ႏွစ္ ေက်ာ္ၾကာျမင့္နီၿပီးျဖစ္ေၾကာင္းသိရသည္။
