APM၊ ဂျူလိုင် ၇/၂၀၂၂
ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် (PSLF/TNLA) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လေ့ဖြစ်၊ စီးပွားရီးဌာနမှူးလေ့ဖြစ်သော ဒုတိယဗိုလ်မှူးကြီး တားရန်ဆိုင် (ခ)တားကျော်ဟိန်း၂၀၂၂ခုနှစ်၊ ဂျူလိုင် ၅ရက်နိ၊ မိုးထပိုင်းက ရုတ်တရက်ကွယ်လွန်လားခြင်းအတွက် ညီနောင် မဟာမိတ်အဖွဲ့ဝင်များဖြစ်ကတ်သော “မြန်မာနိုင်ငံအမှန်တရားနန့် တရားမျှတသော အမျိုးသားပါတီ/မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA) နန့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ် တော် (ULA/AA)”ရို့မှ ဂျူလိုင် ၆ ရက်နိ ရက်စွဲဖြင့် ဝမ်းနည်းကြောင်းသဝဏ်လွှာ ပီးပို့ထားသည်။
သဝဏ်လွှာတွင် “PSLF/TNLA ၏ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်၊ စီးပွားရီးဌာနမှူး ဒုတိယဗိုလ်မှူးကြီး တားရန်ဆိုင်(ခ)တားကျော်ဟိန်း(၄၂နှစ်)သည်၂၀၂၂ ခုနှစ်၊ဂျူလိုင် ၅ရက်နိ၊ မိုးထ(၀၉:၀၅)နာရီအချိန်၌ ပလောင် ပြည် နန့် တအာင်းလူမျိုးများ လွတ်မြောက်ရီးအတွက် တော်လှန်ရီးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ယင်း ရုတ်တရက်ကွယ်လွန်လားကြောင်းကြားသိရသည့်အတွက် ကျန်ရစ်သူမိသားစုဝင်များ၊ အဖွဲအစည်းနန့် ထပ်တူ ထပ်မျှ ဝမ်းနည်းရသည်”ဟု MNTJP/MNDAA နန့် ULA/AA က ဖော်ပြသည်။
ဒုတိယဗိုလ်မှူးကြီးတားရန်ဆိုင်(ခ)တားကျော်ဟိန်းသည်ဘဝတပါးသို့မကူးပြောင်းခင်အချိန်အထိ PSLF/TNLA ၏ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်၊အခွန်များဦးစီးဌာန၏ ဌာနမှူးတာဝန်နန့် စီးပွားရီးဌာန၏ ဌာနမှူး စသည့် တာဝန်များကို ထမ်းဆောင်ခသည်ဟု သိရသည်။
ပလောင်ပြည်နန့်တအာင်းလူမျိုးများ အဖိနှိပ်ခံဘဝမှလွတ်မြောက်ရီးအတွက်တော်လှန်ရီးကာလလမ်းခုလတ်၌ အဂုပိုင်ဒုတိယဗိုလ်မှူးကြီးတားရန်ဆိုင်(ခ)တားကျော်ဟိန်းရုတ်တရက်ကွယ်လွန်လားခြင်းသည်တအာင်းပြည်နန့်တအာင်းလူမျိုးများအတွက် ကြီးမားသောဆုံးယှုံးမှုတခုဖြစ်ကြောင်းလေ့ MNTJP/MNDAA နန့် ULA/AA က ညွှန်းဆိုသည်။
ယင်းနည်းတူ “ဒုတိယဗိုလ်မှူးကြီး တားရန်ဆိုင်(ခ)တားကျော်ဟိန်းသည် ပလောင်ပြည်နန့် တအာင်းလူမျိုးများ လွတ်မြောက်ရီးအတွက် ကျရာတာဝန်ကို အားသွန်ခွန်စိုက် တစိုက်မတ်မတ် ထမ်းဆောင်ခသူတဦးဖြစ်ပြီး တအာင်းအမျိုးသားများ၏စံပြပုဂ္ဂိုလ်တဦးဖြစ်ကာ ပလောင်ပြည်နန့်တအာင်းအမျိုးသားများ၏လွတ်မြောက်ရီး လှုပ်ယှားမှုကာလအတွင်း ဒုတိယဗိုလ်မှူးကြီး တားရန်ဆိုင်(ခ)တားကျော်ဟိန်း၏ အနစ်နာခံပီးဆပ်စွန့်လွှတ်မှု နန့်လုပ်ဆောင်ချက်များကို တန်ဖိုးထားလေးစားဂုဏ်ပြုကြောင်း”MNTJP/MNDAAနန့်ULA/AA၏သဝဏ်လွှာ၌ အလေးအနက် ဖော်ပြထားသည်။
(Zawgyi)
TNLA ဒု-ဗိုလ်မှူးကြီး တားရန်ဆိုင်(ခ)တားကျော်ဟိန်း ကွယ်လွန်ခြင်းအတွက် MNTJP/MNDAAနန့်ULA/AA မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပို့
APM၊ ဂျူလိုင် ၇/၂၀၂၂

