APM၊ ဂျူလိုင် ၇/၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)နန့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက မတရားဖမ်းဆီး၍ မြန်မာပြည် အကြည်အညိုပျက်စီမှု ပုဒ်မ၅ဝ၅(က)ဖြင့် တရားစွဲဆိုထားသည့် ကျောက်ဖြူမြိုခံ ၂ ယောက်အမှုကို လူကြီးလမ်းကြောင်းဟိသည်ဟု ဆိုကာ ဒေနိ(ဂျူလိုင် ၇ရက်နိ)မှာ ရုံး မထုတ်ခဘဲ ကျောက်ဖြူမြိုနယ်တရားရုံးက ဂျူလိုင် ၂၁ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
မတရားဖမ်းဆီး တရားစွဲခံထားရသူ ၂ ယောက်မှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင်(၄၁ နှစ်) နန့် ဒေါ်ခင်အုန်းနွဲ့ (၅၆နှစ်)ရို့ ဖြစ်ကတ်ပြီး၊ သူရို့အမှုကို ကုန်ခသည့်ဂျုန် ၂၃ ရက်နိ ရုံးချိန်းမှာလေ့ လိုပြသက်သီများမရောက်ဟုဆိုကာ စစ်ဆီးခြင်း မပြုဘဲ ဒေနိ(ဂျူလိုင် ၇ ရက်နိ) သို့ ရုံးချိန်းရွှိဆိုင်းထားခခြင်းဖြစ်သည်။
ဦးသန်းလှိုင်နန့်ဒေါ်ခင်အုန်းနွဲရို့ကို ULA/AAအတွက် ငွေကြေးကောက်ခံသည်ဟု စွပ်စွဲကာ မေ ၂၆ရက်နိတွင် ကျောက်ဖြူအခြီစိုက် စစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခခြင်းဖြစ်သည်။
ယင်းနောက် သူရို့ကို ခလရ (၃၄) တပ်ရင်းမှ ဗိုလ် ရဲသက်ဇော်က တရားလို ပြုလုပ်၍ ပုဒ်မ ၅၀၅(က)နန့် ကျောက်ဖြူမြို့နယ် တရားရုံးတွင် တရားစွဲတင်ခသည်။
လက်ဟိတွင် သူရို့ ၂ယောက်ကို ကျောက်ဖြူထောင်ချုပ်မှာ ထိန်းသိမ်းထားဟိပြီး၊ အဂုပိုင် စစ်ဆီးမှုမရှိဘဲ ရုံးချိန်းများ အကြိမ်ကြိမ် ရွှိဆိုင်းနီခြင်းအပေါ် မိသားစုဝင်များ စိတ်ပျက်လျက်ဟိကြောင်း သိဟိရပါသည်။
(Zawgyi)
AA နန႔္ဆက္စပ္သည္ဆိုကာ ပုဒ္မ ၅၀၅(က)ျဖင့္ တရားစြဲထားသည့္ ေက်ာက္ျဖဴၿမိဳ႕ခံ ၂ ေယာက္အမႈကိုေလ့ ႐ုံးခ်ိန္း ထပ္႐ႊိ
APM၊ ဂ်ဴလိုင္ ၇/၂၀၂၂
ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္ (ULA/AA)နန႔္ ဆက္စပ္သည္ဟုဆိုကာ စစ္ေကာင္စီက မတရားဖမ္းဆီး၍ ျမန္မာျပည္ အၾကည္အညိဳပ်က္စီမႈ ပုဒ္မ၅ဝ၅(က)ျဖင့္ တရားစြဲဆိုထားသည့္ ေက်ာက္ျဖဴၿမိဳခံ ၂ ေယာက္အမႈကို လူႀကီးလမ္းေၾကာင္းဟိသည္ဟု ဆိုကာ ေဒနိ(ဂ်ဴလိုင္ ၇ရက္နိ)မွာ ႐ုံး မထုတ္ခဘဲ ေက်ာက္ျဖဴၿမိဳနယ္တရား႐ုံးက ဂ်ဴလိုင္ ၂၁ ရက္နိသို႔ ႐ုံးခ်ိန္းထပ္႐ႊိလိုက္ေၾကာင္း သိရသည္။
မတရားဖမ္းဆီး တရားစြဲခံထားရသူ ၂ ေယာက္မွာ ေက်ာက္ျဖဴၿမိဳ႕ ေစတီေတာင္ရပ္ကြက္မွ ဦးသန္းလႈိင္(၄၁ ႏွစ္) နန႔္ ေဒၚခင္အုန္းႏြဲ႕ (၅၆ႏွစ္)႐ို႕ ျဖစ္ကတ္ၿပီး၊ သူ႐ို႕အမႈကို ကုန္ခသည့္ဂ်ဳန္ ၂၃ ရက္နိ ႐ုံးခ်ိန္းမွာေလ့ လိုျပသက္သီမ်ားမေရာက္ဟုဆိုကာ စစ္ဆီးျခင္း မျပဳဘဲ ေဒနိ(ဂ်ဴလိုင္ ၇ ရက္နိ) သို႔ ႐ုံးခ်ိန္း႐ႊိဆိုင္းထားချခင္းျဖစ္သည္။
ဦးသန္းလႈိင္နန႔္ေဒၚခင္အုန္းႏြဲ႐ို႕ကို ULA/AAအတြက္ ေငြေၾကးေကာက္ခံသည္ဟု စြပ္စြဲကာ ေမ ၂၆ရက္နိတြင္ ေက်ာက္ျဖဴအၿခီစိုက္ စစ္ေကာင္စီတပ္ ခလရ (၃၄) တပ္ရင္းမွ တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးချခင္းျဖစ္သည္။
ယင္းေနာက္ သူ႐ို႕ကို ခလရ (၃၄) တပ္ရင္းမွ ဗိုလ္ ရဲသက္ေဇာ္က တရားလို ျပဳလုပ္၍ ပုဒ္မ ၅၀၅(က)နန႔္ ေက်ာက္ျဖဴၿမိဳ႕နယ္ တရား႐ုံးတြင္ တရားစြဲတင္ခသည္။
လက္ဟိတြင္ သူ႐ို႕ ၂ေယာက္ကို ေက်ာက္ျဖဴေထာင္ခ်ဳပ္မွာ ထိန္းသိမ္းထားဟိၿပီး၊ အဂုပိုင္ စစ္ဆီးမႈမရွိဘဲ ႐ုံးခ်ိန္းမ်ား အႀကိမ္ႀကိမ္ ႐ႊိဆိုင္းနီျခင္းအေပၚ မိသားစုဝင္မ်ား စိတ္ပ်က္လ်က္ဟိေၾကာင္း သိဟိရပါသည္။