
APM ၊ ဂျုန် ၇ / ၂၀၂၃
မောင်တောမြို့နယ်တွင် ဒေနိ(ဂျုန် ၇ ရက်နိ) မိုးထစောစောက ဆင်ရိုင်း အနင်းခံရ၍ ဒေသခံရွာသားတယောက် ပွဲချင်းပြီး သီဆုံးလားကြောင်း သတင်းရဟိသည်။
သီဆုံးလားသူမှာ မောင်တောမြို့နယ်၊ တပ်ဦးချောင်းအုပ်စု၊ ကံပြင်သာစည်ရွာမှ ကိုမောင်နေဝင်း(၃၆ နှစ်) ဖြစ်သည်။
ကိုမောင်နေဝင်းသည် ဒေနိမိုးထစောစော ၃ နာရီလောက်က တရွာတည်းနီ ကိုခင်မောင်သန်း (၃၇နှစ်)နန့်အတူ ရွာအရှိဖက်ဟိ လယ်ကွင်း၌ ဖားရှာနီစဉ် ဆင်ရိုင်းတကောင်နန့် ထိပ်တိုက်တိုးခသည်။
ယင်းသို့ ဆင်ရိုင်းနန့်ထိပ်တိုက်တိုးရာ ကိုခင်မောင်သန်းမှာ ထွက်ဗြီးလွတ် မြောက်ခကေလေ့ ကိုမောင်နေဝင်းမှာ ဘယ်ခြီ မသန်သူဖြစ်၍ မလွတ်နိုင်ဘဲ ဆင်နင်းသတ်ခံလိုက်ရကာ နီရာ၌ပင် ပွဲချင်းပြီးသီဆုံးလားခသည်။
လက်ဟိ သီဆုံးသူမောင်နေဝင်း၏ရုပ်အလောင်းကိုတော့ ဒေနိမိုးထ ၄ နာရီလောက်က ရွာသားများ လားရောက်သယ်ယူ ခကတ်ပြီး ရွာပြင်၌ (ယာယီ)ထားကာ ဒေနိ နိခင်းပိုင်း၌ သင်္ဂြိုလ်ဖြစ်ကြောင်း သိရသည်။
ကုန်ခသည့် မေ ၂၇ ရက်နိကလေ့ မယူတောင်ခြီရင်းဟိ ကိုယ်ပိုင် ဥယာဉ်ခြံထဲ၌ တောင်ယာလုပ်ကိုင်နီစဉ် ဆင်ရိုင်း အနင်းခံရ၍ ရသေ့တောင်မြိုနယ် ဒုံးပိုက်ရွာသားတယောက် သီဆုံးလားခရသည်။
ရက္ခိုင်တွင် မေ ၁၄ ရက်နိက Mocha ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် တောတောင်များဟိ တောရိုင်း တိရစ္ဆာန်များကျက် စားရာ နီရာများနန့် သဘာဝအလျောက်ပေါက်နီသည့် သီးပင်စားပင်များပြိုလဲပျက်စီးလား၍ တောရိုင်း တိရစ္ဆာန်များသည် လူနီကျေးရွာများအနားထိ အစာလာရှာကာ ဒေသခံများကို ရန်မူမှုများ ဟိနီကြောင်း သိဟိရသည်။
Photo- CJ
