
APM ၊ ဂျုန် ၇ / ၂၀၂၃
ပလက်ဝမြို့နယ်တွင် ဂျုန် ၅ ရက်နိက တောင်ယာခင်းမှပြန်လာစဉ် မိုးကြိုးပစ်ခံရ၍ ဒေသခံအမျိုးသမီး နှစ်ယောက် ပွဲချင်း ပြီးသီဆုံးလားကြောင်း သိရသည်။
သီဆုံးသွားသူများမှာ ပလက်ဝမြို့နယ် အောက်ဘလိုင်ကျေးရွာမှ ဒေါ်ကိုးယက်(၅၀နှစ်)နန့် ဒေါ်ဝင်ဆွေ(၃၇ နှစ်)ရို့ ဖြစ်ကတ် သည်။
ဒေါ်ကိုးယက်နန့် ဒေါ်ဝင်ဆွေလေးရို့သည် ဂျုန် ၅ ရက်နိ ညဇာ ၅ နာရီလောက်က တောင်ယာခင်းအား မြက်နှုတ်ရာမှ ရွာသို့ ပြန်လာစဉ် လမ်းတွင် မိုးကြိုးပစ်ခံခရခြင်းဖြစ်ပြီး နှစ်ယောက်စလုံးနီရာတွင်ပင် ပွဲချင်းပြီး သီဆုံးလားသည် ဟုဆိုသည်။
ကုန်ခသည့် မေ ၃၁ ရက်နိကလေ့ မင်းပြားမြို့နယ်နန့် ရမ်းဗြဲမြို့နယ်ရို့တွင် မိုးကြိုးပစ်ခံရပြီး ဆယ်ကျော်သက်အရွယ် လူငယ် ၃ ယောက် သီဆုံးလားခရသည်။
အလားတူ မေ ၃၀ ရက်နိကလေ့ ကျောက်ဖြူမြို့နယ်တွင် စက်လှီတစ်စီး မိုးကြိုးပစ်ခံရ၍ ဒေသခံတယောက်ပွဲချင်းပြီး သီဆုံးခရပြီး နောက်ထပ်တယောက် ဒဏ်ရာအပြင်းအထန်ရလားခရသည့်အပြင် မေ ၂၄ ရက်နိ၌ ရသေ့တောင်မြို့နယ်၊ ပြိန်းတောရွာက အသက် ၄ နှစ်အရွယ်အချေတယောက်လေ့ မိုးကြိုးပစ်ခံရ၍ သီဆုံးလားခရကြောင်း သိရသည်။
မိုးလီဝသနန့်ဇလဗေဒ ဦးစီးဌာန(မိုး/ဇလ) ကတော့ ရက္ခိုင်တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနီပြီး၊ ယင်း မိုးတိမ် တောင်များရွိလျားရာနီရာတလျှောက် မိုးရွာသွန်းခြင်းနန့်အတူလီပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနန့် မိုးသီးကြွီခြင်းစသည့် မိုးလီဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
