
APM ၊ ဂျုန် ၇ /၂၀၂၃
အာရေဗျပင်လယ် အရှိတောင်ပိုင်းတွင်ဖြစ်ပေါ်နီသည့်မုန်တိုင်းငယ်သည် Biparjoyဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်လား ကာ နောက် ၂၄ နာ ရီအတွင်း အိန္ဒိယကို ဖြတ်ကျော်တိုက်ခတ်နိုင်ကြောင်း အိန္ဒိယမိုးလီဝသဌာန (IMD) က ဒေနိ (ဂျုန် ၇ ရက်နိ)တွင် ထုတ်ပြန်သည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် တနာရီလျှင် ၂ ကီလိုမီတာနှုန်းနန့် မြောက်ဖက်သို့ ရွိလျားလာရာ သုံးရက်အတွင်း မြောက်-အနောက်မြောက်ဘက်သို့ ရွိလျားမည်ဟု ဆိုသည်။
ယင်းကြောင့် အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်းပြည်နယ်များဖြစ်သည့် ကာနာတာကာ၊ မဟာရတ်ရှ်ထရာ၊ ဂိုအာနန့် ကီရာလာ ပြည်နယ်များတွင် မုန်တိုင်းသတိပီးချက်ထုတ်ပြန်ထားပြီး ပင်လယ်ထဲသို့ ငါးဖမ်းထွက်ခြင်း၊ ခရီးထွက်ခြင်းများ မပြုလုပ် ကတ်ရန် သတိပီးထားသည်။
အဆိုပါမုန်တိုင်း၏ လီတိုက်နှုန်းမှာ တနာရီကို ၁၃၅ ကီလိုမီတာမှ ကီလို မီတာ ၁၆၀ အထိ တိုက်ခတ်နိုင်သည်ဟု ဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်းသည် ဂျုန် ၇ ရက်နိ မိုးထ ၂ နာရီခွဲတိုင်းထွာချက်များအရ ဂိုအာပြည်နယ်၏ အနောက်-အနောက် တောင်ဖက် ကီလိုမီတာ ၉၀၀ ဝန်းကျင်၊ မွမ်ဘိုင်းမြို့၏ အနောက်တောင်ဖက် ကီလိုမီတာ ၁၀၂၀ ၊ ပေါ်ဘန်ဒါမြို့၏ တောင်-အနောက်တောင်ဖက် ကီလိုမီတာ ၁၀၉၀ နန့် ကရာချိမြို့၏ တောင်ဖက် ကီလိုမီတာ ၁၃၈၀ အကွာတွင် ဟိနီကြောင်း ထုတ်ပြန်ချက်တွင် ပါဟိသည်။
ဆိုင်ကလုန်းမုန်တိုင်း သတိပီးချက်ကို အိန္ဒိယ မိုးလီဝသညွှန်ကြားရီးမှူးချုပ်က ထုတ်ပြန်ခြင်းဖြစ်ပြီး မုန်တိုင်းဝင်ရောက်နိုင် သည့် ပြည်နယ်များ၏ အစိုးရအာဏာပိုင်များထံ ပီးပို့ထားကြောင်း သိဟိရသည်။
Source – Cyclone Biparjoy Intensifies Into Severe Storm; Maharashtra, Karnataka On Alert
Photo India Today
