
APM၊ ဂျုန် ၇ / ၂၀၂၃
မုန်တိုင်းဒဏ်ကြောင့် လယ်သမားများနန့် ငါးဖမ်းသမားရို့၏ အသက်မွီးဝမ်းကျောင်းလုပ်ငန်းများ ဆုံးယှုံးပျက်စီးခရသည့် ရက္ခိုင်ပြည်မှ ဒေသခံ ၃ သောင်း ၅ ထောင်လောက်ကို မျိုးစိများဖြန့်ဝီပီးထားကြောင်း ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် (UNDP) က ဂျုန် ၆ ရက်နိတွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ရက္ခိုင်ပြည်၌ လယ်မြီများထိခိုက်ပျက်စီးခြင်း၊ မျိုးစိများ ဆုံးယှုံးခြင်းနန့် ငါးဖမ်းလှီများ နစ်မြှုပ်ပျက်စီးခြင်းများကို ဖြစ်ပေါ်စီခသည့်အတွက်ရီရှည်တွင်စားနပ်ရိက္ခာ ရဟိနိုင်မှုနန့် အစားအစာအတွက် စရိတ်စခ ပိုမိုးဆိုးရွားလာနိုင်ကြောင်းကို သတိပီးဖော်ပြထားသည်။
ယင်းအပြင် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခရသူ များသည် ရောက်ဟိရန်ခက်ခဲသည့်နီရာတွင်ဟိပြီး ဝင်ငွေနည်းပါးကတ်သည့် အတွက် ဒေသခံများ သီးနှံများစိုက်ပျိုးနိုင်စီရန်နန့် အပိုဝင်ငွေရဟိနိုင်စီရန် UNDP မှ မျိုးစိများကို ဖြန့်ဝီပီးနီရာ လူပေါင်း ၃ သောင်း ၅ ထောင်လောက်ကို ပီးထားသည်ဟု ဆိုသည်။
လယ်သမားများနန့် ငါးဖမ်းသမားများအတွက် စပါးမျိုးစိများ၊ ဓာတ်မြီဩဇာ၊ ဂဏန်းမြှုံးများ၊ လှီများနန့် ငါးဖမ်းပိုက်များ အပါအဝင် လုပ်ငန်းလည်ပတ်ရန်လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကို ဆက်လက်ပံ့ပိုးပီးလားမည်ဖြစ်ကြောင်းလေ့ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – UNDP


