APM၊ ဂျုန် ၇/၂၀၂၂
ပလက်ဝမြို့နယ်၊ အဘောင်သားရွာတရွာလုံးကို ရက်သတ္တတပတ်ကျော်ကြာသည့် လက်ဟိအချိန်ထိ စစ်ကောင်စီ တပ်က အပိုင်စီး၍ အခိုင်အမာ တပ်စွဲနီရာယူထားလျက်ဟိနီပြီး ရွာသားတိလေ့ ရွာထဲသို့ ဝင်ခွင့်မရသိမ့်ဟု သိရ ပါသည်။
အဘောင်သားရွာသို့ မေ ၃၀ ရက်နိ မိုးထ ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ် တပ်မ (၅၅)၊ ခလရ (၂၃၂)၊ ခလရ (၅၃၉)ရို့ ပူးပေါင်းစစ်ကြောင်းတခုက စီးနင်းဝင်ရောက်ကာ ရွာသားများကို အကြမ်းပတမ်းရိုက်နှက် ဖမ်း ဆီးပြီး လက်ကိုင်ဖုန်းများကိုပါသိမ်းယူလျက် အချေများ၊ အမျိုးသမီးများ နန့် သက်ကြီးရွယ်အိုများ အပါအဝင် ရွာသားအားလုံးနီးပါးကို ခေါ်ဆောင်လားခပြီးနောက် အဘောင်သားရွာကိုလေ့ စစ်ကောင်စီတပ်သား ၂၀၀ ကျော် လောက်က အပိုင်စီး တပ်စွဲနီခြင်းဖြစ်သည်။
“အဖမ်းဆီးခံရွာသားတိထဲက အများစုကို ပြန်လွှတ်ပီးလိုက်ကေလေ့ လက်ဟိအချိန်ထိ အုပ်ချုပ်ရီးမှူး အပါအဝင် ရွာသား ၃ ယောက်ကို ဆက်ဖမ်းထားပါသိမ့်ရေ။ ရွာမှာ စစ်ကောင်စီတပ်က အချိန်ပြည့်တပ်စွဲထားပနာ ရွာသား တိကို ရွာထဲသို့ လုံးဝ ဝင်ခွင့်မပီးပါ” ဟု နာမည်မဖော်လိုသော ပြန်လွတ်လာသူ ရွာသားတယောက်က APM သို့ ပြောကြားသည်။
ယင်းအတွက်ကြောင့် ရွာသားတချို့မှာ “ရုပ်ချောင်းဝ”ရွာနားက သရက်တောအုပ်တွင် သတိနန့် တဲဆောက် နီထိုင်နီကတ်ရပြီး၊ တချို့မှာ ပလက်ဝမြို့သို့ ထွက်ဗြီးတိမ်းယှောင်နီကတ်ရသည်ဟု သူက ဆိုသည်။
လက်ဟိအချိန်ထိ ဖမ်းဆီးခံနီရသူ ၃ ယောက်မှာ အုပ်ချုပ်ရီးမှူး ဦးသာထွန်းအောင်၊ ဦးစံ နန့် ကိုအာလာ ရို့ ဖြစ် ကတ်ပြီး သူရို့ကို ပလက်ဝအခြီစိုက် ခလရ (၂၈၉) တပ်ရင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူမဆန်စွာ ဝိုင်း ဝန်းရိုက်နှက် စစ်ဆီးနီကြောင်း သိရသည်။
အဆိုပါ အဘောင်သားရွာတွင် အိမ်ခြီ ၁၄၀ ကျော်ဟိပြီး လူဦးရေ ၆၀၀ ကျော်ခန့် နီထိုင်ခြင်းဖြစ်ကာ လက်ဟိမှာ ရွာထဲ၌ ရွာသားတယောက်လေ့မဟိဘဲ စစ်ကောင်စီတပ်သားများကရာ တပ်စွဲနီရာယူထားလျက် ရွာမှာကျန်နီ သော ရွာသားများ၏ ပစ္စည်းများကို ခိုးယူစားသောက်လျက် ထင်တိုင်းကြဲနီကတ်ကြောင်း သိဟိရပါသည်။
