
APM ၊ မေ ၇ / ၂၀၂၅
မေ ၃ ရက်နိ၊ ညဇာ ၄ နာရီလောက်က ပင်လယ်ထဲသို့ ပိုက်ချလားရေ ပေါက်တောဒေသခံ အရပ်သားပြည်သူ ၆ ယောက်ကို ဖက်ဆစ် စစ်ကောင်စီက မတရား ဖမ်းဆီးခေါ်ဆောင်လားရေလို့ ဒေသခံတိက ပြောပါရေ။
အဖမ်းခံရလူတိစွာ ပေါက်တောမြို့နယ်၊ တန်းတင်ရွာက ကိုခင်ကျော်ညွှန့်၊ ကိုအောင်ထက်လင်း၊ ကိုရွှီတင်မောင်(ခ)ကိုကုလား၊ ကိုစိုးစိုးနိုင်၊ ငရုတ်ချောင်းရွာက ကိုမောင်သက်ချေနန့် ကိုဦးစိုးနိုင်ရို့ ဖြစ်ကတ်ပါရေ။
သူရို့ ၆ ယောက်စွာ မေ ၃ ရက်နိ၊ ညဇာ ၄ နာရီလောက်မာ ပင်လယ်မာ ပိုက်ချဖို့အတွက် ဘုတ်တစီးနန့်ထွက်လာရာ ပတင်းရွာတောင်ဖက်ဟိ ကင်းတောင်နားအရောက်မာ ယင်းအနားမာဟိရေ ဖက်ဆစ် စစ်ကောင်စီနေဗီဟိ စစ်ကောင်စီတပ်ဖွဲ့ဝင်တိက မတရားဖမ်းဆီးခေါ်ဆောင်လားရေလို့ ဒေသခံတယောက်က Arakan Princess Media ကို ပြောပါရေ။
ယင်းနောက် ၆ ယောက်ကို ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ လီထိုးစပီးဘုတ်နန့် တင်ယူလားပြီးကေ လက်ဟိမာ ကျောက်ဖြူမြို့၊ အမှတ်(၁)ရဲစခန်းမာ ဖမ်းဆီးထိန်းသိမ်းထားရေလို့ သိရပါရေ။
မေ ၃ ရက်နိ တရက်တည်းမာပင် ယင်း ဖက်ဆစ် စစ်ကောင်စီနေဗီစွာ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာဖက်က ထွက်လာရေ ဘုတ်တစီးကို ဖမ်းဆီးလားခသိမ့်ကြောင်းလည်း သိရပါရေ။
Photo – CJ
