
APM၊ မေ ၇ /၂၀၂၅
မြောက်ဦးမြို့နယ်မာ အယင် ဖက်ဆစ် စစ်ကောင်စီတပ် ထောင်းထားခရေ မိုင်းတလုံးကို ဒေနိ(မေ ၇ ရက်နိ)၊ မိုးထပိုင်းက တက်နင်းမိလို့ ပေါက်ကွဲမှု ဖြစ်ရာကနီ ဒေသခံ အမျိုးသမီး တယောက် ခြီတဖက်ပြတ်ထွက်လားပြီးကေ အချေတယောက် ပြင်းထန် ဒဏ်ရာရလားရေလို့ ဒေသခံတိက ပြောပါရေ။
ခြီတဖက် ပြတ်ထွက်လားရေ အမျိုးသမီးစွာ မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ရွာက မချယ်ရီသန်း (၁၈ နှစ်)ဖြစ်ပြီးကေ ပြင်းထန်ဒဏ်ရာရလားရေ အချေကတော့ မောင် ခန့်ကျော်ဌေး (၁၄ နှစ်)ရို့ဖြစ်ကတ်ပါရေ။
မ ချယ်ရီသန်းနန့် မောင်ခန့်ကျော်ဌေးရို့ နှစ်ယောက်စွာ ဒေနိ၊ မိုးထ ၇ နာရီလောက်က သူရို့နီထိုင်ရေ ထိပ်ဝပြင်ရွာကနီ အယင် ဖက်ဆစ် စစ်ကောင်စီတပ် စခန်းချနီထိုင်ခရေ လင်းမြွီတောင်နားသို့ ထင်ခြွီလားရေခါ အယင် ဖက်ဆစ် စစ်ကောင်စီထောင်ထားခရေ မိုင်းတလုံးကို တက်နင်းမိပနာ ပေါက်ကွဲမှုဖြစ်ခရေလို့ ဒေသခံ တယောက်က Arakan Princess Media ကိုပြောပါရေ။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် မ ချယ်ရီသန်း၏ ဘယ်ဖက်ခြီထောက်မာ မိုင်းစကျပနာ ပြတ်ထွက်လားပြီး ဘယ်ဖက်လက်၊ညာဖက်ပေါင်ရို့မာလည်း ပြင်းထန် ဒဏ်ရာ ရလားရေပိုင် မောင် ခန့်ကျော်ဌေးမာ ဝမ်းပေါက်ထွက်လားပနာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရလားရေလို့ ဆိုပါရေ။
လက်ဟိ မချယ်ရီသန်းနန့် မောင်ခန့်ကျော်ဌေးရို့စွာ ယင်းပြင်းထန်ဒဏ်ရာနန့် အရေးပေါ် ဆီးကုသမှု ခံယူလို့ဟိပါရေ။
အာရက္ခပြည်သူ့ တော်လှန်ရီး အစိုးရအနီနန့်လည်း အာရက္ခဒေသအတွင်း မိုင်းနန့် စစ်ကျန်လက်နက်အန္တရာယ် ပညာပီးဟောပြောပွဲတိ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပီးဆိုင်းဘုတ်တိ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပီး လက်ကမ်းစာစောင်တိ ဖြန့်ဝီစွာတိ၊ မိုင်းယှင်းလင်းရီး လုပ်ငန်းတိကို ဆက်တိုက်လုပ်ဆောင်လို့ ဟိနီပါရေ။
Photo- ABN

