APM ၊ မေ ၇ / ၂၀၂၄
ဘူးသီးတောင်မြို့ကို ဝင်ထွက်လားရာမာ အဓိက အရေးပါအချက်အချာ ကျရေ ဘူးသီးတောင်မြို့ဝင်တန်းထားကို မေ ၆ ရက်နိ ၊ ညဇာ ၃ နာရီ ၄၂ မိနစ်လောက်မာ အကြမ်းဖက်စစ်ကောင်စီတပ်က ကောက်ကျစ်ယုတ်မာစွာ ရည်ရွယ်ချက်ဟိဟိ မိုင်းခွဲ ဖျက်ဆီးလိုက်တေလို့ သိရပါရေ။
ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်လာဖို့ကို အသက်ထွက်မတတ်ကြောက်လန်ပြီးကေ အကြမ်းဖက်စစ်ကောင်စီတပ်က ယင်းပိုင် မိုင်းခွဲဖျက်ဆီးလိုက်စွာလို့ ဒေသခံတိကပြောပါရေ။
ယင်း တန်းထားစွာ ပန်ဇင်းချောင်းကို ဖြတ်ထိုးထားရေ တန်းထားဖြစ်ပြီးကေ ဘူးသီးတောင်မြို့ဝင်မြို့ထွက်နန့် မြို့ခံပြည်သူတိ ခရီးလားလာရီးအတွက် အဓိက အကျဆုံး တန်းထားတစင်းလည်း ဖြစ်ပါရေ။
ယင်းအပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင် ၊ မောင်တောနန့် ဘူးသီးတောင်မြို့ ( ၄) မြို့သို့ ဆက်သွယ်ထားရေ တန်းထားတစင်းဖြစ်တေပိုင်၊ယင်းမြို့(၄) မြို့သို့ ကုန်သွယ်စီးဆင်းရာမာလည်း အချက်အချာကျရေ တန်းထားတစင်းဖြစ်ပါရေ။
ကုန်ခရေ ဧပြီ ၂၅ ရက်နိကလည်း ဘူးသီးတောင်မြို့နယ်၊ ဂုံးနားရွာနန့် ဆင်အိုးပြင်ရွာကြားဟိအများပြည်သူလားလာနီရေ တန်းထားကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိ မိုင်းခွဲဖျက်ဆီးခပါသိမ့်ရေ။
ရက္ခိုင်ပြည်တဝန်းဟိ တပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိ အမြောက်အမြားနန့် မြို့တိ တမြို့ပြီးတမြို့ လက်လွှတ်ဆုံးယှုံးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ အပြစ်မဲ့ပြည်သူတိနီထိုင်ရေ မြို့၊ရပ်ရွာတိကို လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လီယာဉ်တိကိုအသုံးပြုပနာ ပစ်ခတ်မှုတိ နိစဉ်ရက်ဆက် ပြုလျက်ဟိရေအပြင် လမ်းတန်းတားတိကို မိုင်းခွဲဖျက်ဆီးမှုတိ ပြုလုပ်လာနီပါရေ။