APM ၊ မေ ၇ / ၂၀၂၃
လက်ဟိဖြစ်ပေါ်နီသည့် မိုချာဆိုင်ကလုန်း(Cyclone Mocha) မုန်တိုင်းအခြေအနီနန့်ပတ်သက်၍ အာရက္ခပြည်သူများအနီ နန့် ပေါ့ပေါ့ဆဆမနီကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုက် ULA က ဒေနိ(မေ ၇ ရက်နိ) တွင် အသိပီးထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ “ယခုရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းတွင် မေလ (၈) ရက်နိ၌ လီဖိအားနည်းရပ် ဝန်း(Low Pressure Area) တခု ဖြစ်ပေါ်နိုင်ပြီး ယင်းလီဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ကာ၊မေလ (၉) ရက်နိတွင် မုန်တိုင်းချေ (Depression) အဖြစ်သို့ ရောက်ဟိနိုင်ကြောင်း ဒေသတွင်း မိုးလီဝသတိုင်းထွာ ထုတ် ပြန်ချက်များ အရသိရပါသည်။ အဆိုပါမုန်တိုင်းချေသည် မြောက်ဖက်သို့ ဆက်လက်ရွိလျားနိုင်ပြီး မေလ(၁၀) ရက်နိတွင် ဘင်္ဂလား ပင် လယ်အော်အရှိတောင်ပိုင်း၌ မိုချာဆိုင်ကလုန်း(Cyclone Mocha) မုန်တိုင်းအဖြစ်သို့ရောက်ဟိလာနိုင်ကြောင်း မိုးလီဝသ ပညာသျှင်များက ခန့်မှန်းထားကတ်ပါသည်” ဟုဖော်ပြထားသည်။
ယင်းမိုချာဆိုင်ကလုန်း (Cyclone Mocha) မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်နန့် ရက္ခိုင်ကမ်းရိုးတန်းတလျှောက်တွင် လီပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရီကြီးခြင်းနန့်အတူ မြီပြိုခြင်းများဖြစ်ပေါ်နိုင်သောကြောင့် ရက္ခိုင်ပြည်၌ နီထိုင် ကတ်သော မိဖပြည်သူများအနီနန့် လက်ဟိဖြစ်ပေါ်နီသည့် မုန်တိုင်းအခြေအနီနန့်ပတ်သက်၍ ပေါ့ပေါ့ဆဆမနီကတ်ဖို့ အထူးအလေးအနက် သတိပီးကြောင်းလေ့ ULA ကဆိုသည်။
“အထူးသဖြင့် ကမ်းနား၊ကမ်းဝီး ငါးဖမ်းရီယာဉ်များ၊ ခရီးသည်တင်ရီယာဉ်များနန့် တခြား ပင်လယ်၊ မြစ်ချောင်းများ၌ အ သက်မွီးဝမ်းစာရှာဖွီနီကတ်သော လုပ်သားပြည်သူများအနီနန့် ၂၀၂၃ ခုနှစ်၊ မေလ (၁၀) ရက်နိမှ မေလ (၁၃) ရက်နိအထိ မုန်တိုင်းအန္တရာယ်ကို အထူးသတိထားကတ်ရန် ဖြစ်နိုင်ပါက အလုပ်များ ရပ်နားထားကတ်ဖို့ကို ကြိုတင်သတိပီး တိုက်တွန်း အပ်ပါသည်။ ရက္ခိုင်မိဖပြည်သူများအနီနန့် မုန်တိုင်းသတင်းထုတ်ပြန်ချက်များကို မျက်ခြီမပြတ်စောင့်ကြည့်ပြီး ကြိုတင်ပြင် ဆင်မှုများကိုလေ့ တတ်နိုင်သရွိပြုလုပ်ထားကတ်ဖို့ကို အထူးသတိပီး တိုက်တွန်းအပ်ပါသည်။ မိမိရို့အနီနန့်လေ့ မုန်တိုင်းနန့် ပတ်သက်၍နောက်ဆုံးရသတင်းများကိုအချိန်နန့်တဗြီးညီသော်လည်းကောင်း၊မုန်တိုင်းအခြေအနီအပေါ်မူတည်၍ သော် လည်း ကောင်း ထုတ်ပြန်လားမည်ဖြစ်ပါသည်” ဟုလေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုအခြီပြုအဖွဲ့အစည်းများ၊ လူထုအခြီပြု အဖွဲ့အ စည်းများအနီနန့်လေ့ မုန်တိုင်းပြင်းအား နောက်ဆက်တွဲအခြေအနီအပေါ်မူတည်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနန့် အရေးပေါ်လိုအပ်ချက်များဟိလာပါက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် လူသားချင်းစာနာထောက်ထားရီးနန့် ဖွံ့ဖြိုးရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရီးရုံး (Humanitarian and Development Coordination Office – HDCO)နန့် ပူးပေါင်းဆောင်ရွက်ကာ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ကတ်ရန်လေ့ ULA u အသိပီးတိုက်တွန်းထားသည်။
HDCO နန့် ဆက်သွယ်လို့ပါကလေ့ အီးမေးလ်လိပ်စာ HDCO.ULA@outlook.com မှတဆင့် ဆက်သွယ်နိုင်ကြောင်းလေ့ ဒေနိထုတ်ပြန်သည့် ULA ၏ မိုချာဆိုင်ကလုန်း(Cyclone Mocha) မုန်တိုင်း သတိပီးထုတ်ပြန်ချက်တွင် ဖော်ပြပါဟိပါသည်။