(မကပ်ကေ နှစ်နာရီအတွင်း ဗုံးကြဲဖို့လို့ဆို)
APM ၊ ဧပြီ ၇/ ၂၀၂၄
ဒေနိ(ဧပြီ ၇ ရက်နိ)၊ နိခင်းက အကြမ်းဖက် စစ်ကောင်စီတပ်စွာ မာန်အောင်မြို့နယ်၊ သစ်ပုံရွာသို့ဝင်လာပြီးကေ “ရက္ခိုင့်တပ်တော်AA အလိုမဟိ”ဆိုရေ စာတန်းတိကို အိမ်တိုင်းမာ ကပ်ရဖို့လို့ရွာသားတိကို အတင်းအဓမ္မ ဖိအားပီး ခြိမ်းခြောက်ကပ်ခိုင်းနီရေလို့ ရွာသားတိက Arakan Princess Media ကို ပြောပါရေ။
“ဒေနိ၊ နိခင်း ၁ နာရီလောက်မာ အကြမ်းဖက်စစ်ကောင်စီ စီမံဗိုလ်မှူး၊ ကမှုံတောင်တပ်စခန်းကဗိုလ်မှူး၊ ရဲစခန်းမှူးနန့် ရဲတပ်ဖွဲ့ဝင်ပူးပေါင်းအင်အား ၃၀ လောက်စွာ သစ်ပုံရွာသို့ စီးနင်းဝင်ရောက်လာပြီးကေ ရွာသားတိကို အစည်းအဝေးခေါ်ပါရေ။ အစည်းအဝေးမာ ရက္ခိုင့်တပ်တော် အလိုမဟိ စာတန်းကို ကိုယ့်ဘာသာကိုယ်ရွီးပနာ အိမ်တိုင်းကပ်ရဖို့။ မကပ်တေအိမ် သီဖို့ရာ ပြင်ထားလို့ ပြောပါရေ” လို့ သစ်ပုံရွာသားတိက ပြန်ပြောပါရေ။
ယင်းပိုင် စာတန်း ကပ်လို့မဟိဆိုကေ ၂ နာရီအတွင်း တရွာလုံးကို ပြာကျလားအောင် ဗုံးကြဲပစ်ဖို့လို့လည်း စစ်ကောင်စီတပ်က ပြောခရေလို့ ဆိုပါရေ။
ရက္ခိုင်ပြည်တဝန်းဟိ တပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိ အမြောက်အမြားနန့်မြို့တိ တခုပြီးတခု လက်လွှတ်ဆုံးယှုံးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ ရက္ခိုင့်တပ်တော်ကို ရင်ဆိုင်နိုင်စွမ်းမဟိခါ မရောင်ရာဆီလိမ်းဆိုပိုင် ရက္ခိုင်ပြည် တောင်ဖက်ဒေသဟိ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ဂွမြို့နယ်ရို့က ပြည်သူလူထုတိကို ယုတ်မာအောက်တန်းကျရေနည်းလမ်းတိ သုံးပနာ ရက္ခိုင့်တပ်တော်ကို မထောက်ခံကတ်ဖို့ လူမဆန်စွာ ဖိအားပီးလျက် ဟိနီပါရေ။