APM ၊ ဧပြီ ၇ / ၂၀၂၃
ရက္ခိုင့်တပ်တော်AAနန့်ဆက်သွယ်သည်ဟုစွပ်စွဲကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့်တရားစွဲ ခံထားရ သည့် ဘူးသီးတောင် မြို့နယ်မှ အုပ်ချုပ်ရီးမှူးနှစ်ယောက်အမှုကိုဒေနိ(ဧပြီ ၇ ရက်နိ)တွင်ဘူးသီးတောင် မြို့တရားရုံး၌ ရုံးထုတ်ခကေလေ့လိုပြသက်သီမရောက်ဟုဆိုကာ ရုံးချိန်းထပ်ရွှိလိုက် ပြန်ကြောင်း သိရသည်။
၁၇(၁)နန့်တရားစွဲခံထားရသည့်အုပ်ချုပ်ရီးမှူးနှစ်ယောက်မှာဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးရွာ အုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်း ရို့ဖြစ်ကတ်သည်။
အမှုကို ဒေနိတွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ ရုံးထုတ်ခပြီး လိုပြသက်သီမရောက်ဟုဆိုကာ မစစ်ခပဲ လာမည့် ဧပြီ ၂၁ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ပြီးခသည့် ၂၀၂၂ ခုနှစ် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာ စစ်တပ် ခလရ (၂၃၄) တပ်ရင်းမှ ဘူသီး တောင်မြို့နယ်ဟိအုပ်ချုပ်ရီးမှူး၁၂ယောက်အားတွိဆုံရန်ခေါ်ယူခပြီးနောက်ယင်းအထဲမှတပ်မင်းချောင်းရွာအုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးအုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်း ရို့နှစ်ယောက်ကို ပြန်မလွှတ် ဘဲ ဖမ်းထားလိုက်သည်။
ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု စွပ်စွဲကာ အုပ်ချုပ်ရီးမှူးနှစ်ယောက် စလုံးအား ပုဒ်မ ၁၇(၁) နန့် တရားစွဲဆိုထား ခြင်းဖြစ်သည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင်အကျဉ်းထောင်၊ ထောင်ချုပ်၌ ထိန်းသိမ်းချုပ်နှောင် ထားကြောင်း သိဟိရသည်။