
APM ၊ ဧပြီ ၇ / ၂၀၂၃
ကိုပါအီတလီဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပထမအကျော့တွင် အင်တာမီလန်တိုက်စစ်မှူး ရိုမီလူလူကာကူကို ဂျူဗင်တပ်စ် ပရိတ်သတ် တချို့မှ လူမျိုးရီးခွဲခြားမှုပြုလုပ်ခ၍ ဂျူဗင်တပ်စ်အိမ်ကွင်းတောင်ဖက်ဟိ ပရိတ်သတ် ၅၀၀၀ ဆံ့ ပွဲကြည့်စင်ကို တပွဲပိတ်ပင်လိုက်ကြောင်းသိရသည်။
ဧပြီ ၆ ရက်နိ အင်တာမီလန်နန့် ဂျူဗင်တပ်စ်ရို့ သရေကျခသည့်အဆိုပါပွဲစဥ်တွင် တိုက်စစ်မှူးလူကာကူသည် ပင်နယ်တီမှ တဆင့် ဂိုးသွင်းယူခပြီးနောက် ဂျူဗင်တပ်စ်ပရိတ်သတ်များရှိတွင် ၎င်း၏နှုတ်ခမ်းကို လက်ညှိုးဖြင့် အုပ်ကာ အောင်ပွဲခံခ၍ နှစ်ဝါတနီဖြင့်ထုတ်ပယ်ခံလိုက်ရသည်။
လူကာကူ၏ ယင်းအပြုအမှုကြောင်း ဂျူဗင်တပ်စ်ပရိတ်သတ်များက ဒေါသထွက်ကာ လူမျိုးရီးခွဲခြားသည့် စကားလုံးများ သုံးနူန်း၍ အော်ဟစ်ပြောဆိုမှုများပြုလုပ်ခသည်။
ယင်းအပြင်ဂျူဗင်တပ်တောင်ပံကဇတ်သမား ဟွမ်ကူဒရာဒိုနန့် အင်တာမီလန် ဂိုးသမား ဆာမီ ဟန်ဒါနိုဗစ်ရို့ကိုလေ့ ဒိုင်လူကြီးက အနီကဒ်ဖြင့် ထုတ်ပယ်ခပြီး ဟွမ်ကူဒရာဒိုကို ၃ ပွဲပယ်၊ ဒေါ်လာ ၁၁,၀၀၀ ပြစ်ဒဏ်နန့် ဂိုးသမား ဆာမီ ဟန်ဒါနိုဗစ် ကိုတပွဲပယ်၊ ဒေါ်လာ ၁၁,၀၀၀ ချမှတ်ခကြောင်း သိရသည်။
အင်တာမီလန်အသင်းသည် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဧပြီလ ၂၆ ရက်နိတွင် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး၊ ဂျူဗင် တပ်စ်အသင်းကတော ပွဲကြည့်စင်ပိတ်ခံရမည့် ပြစ်ဒဏ်ကို ဧပြီ ၂၃ ရက်နိ နာပိုလီနန့်ပွဲတွင်ကျခံရမည်ဟု ဟိရ သည်။
Source – Juventus given partial stadium ban after Romelu Lukaku racist incident
Photo – Goal.com
