APM ၊ ဧပြီ ၇ / ၂၀၂၃
ကော့ကရိတ်-မြဝတီအာသျှလမ်းဒေနိ(ဧပြီ ၇ ရက်နိ)မှစ၍ ဧပြီ ၂၁ ရက်နိအထိ ၂ ပတ်ကြာ လားလာခွင့် ပိတ်ကြောင်း ကရင်အမျိုးသားလွှတ်မြောက်ရီးတပ် KNLA ပူးပေါင်းတပ်ဖွဲ့က ဒေနိတွင်ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ “ကုန်ခသည့် မာ့ချ် ၂၅ ရက်နိမှစ၍ ကော့ကရိတ်မြို့နယ်နန့် မြဝတီမြို့နယ် အာသျှလမ်းကြီးတလျှောက် မြန်မာစစ်တပ်နန့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားလျက်ဟိသည်” ဟု ဆိုသည်။
အဆိုပါတိုက်ပွဲများအတွင်း အထိနာနီသည့်မြန်မာစစ်တပ်သည် အာသျှလမ်းမကြီးမှ တဆင့်အရပ်သားပြည်သူများ၏ ကား များကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနန့်စားနပ်ရိက္ခာများကို ပို့ဆောင်လျက်ဟိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင်း အရပ်သားပြည်သူများအနီနန့် အဆိုပါ ကော့ကရိတ်-မြဝတီအာသျှလမ်းမကြီးကို ဧပြီ ၇ ရက်နိမှစ၍ ၂၁ ရက် နိအထိ၂ပတ်ကြာ (လုံးဝလုံးဝ) ဖြတ်သန်းလားလာခြင်းမပြုကြရန်ပူးပေါင်းထုတ်ပြန်သည်ဟု ဒေနိထုတ်ပြန် သည့် KNLA ပူးပေါင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – KNLA ပူးပေါင်းတွဲအမိန့်ထုတ်ပြန်ချက်