APM ၊ ဧပြီ ၇ / ၂၀၂၃
ရက္ခိုင်မျိုးနွယ်စုဝင်ဖြစ်သည့် ဒိုင်းနက် (ခေါ်)သက္ကမလူမျိုးများ၏ (၁၂)ကြိမ်မြောက် ရိုးရာပန်းမျှောပွဲကို ပုဏ္ဏား ကျွန်းမြို့နယ် သျှင်တော်ရွာ တွင်ဧပြီ ၁၂ ရက်မှ ၁၃ ရက်နိအထိ ၂ ရက်တိုင်တိုင်ကျင်းပလားမည်ဖြစ်ကြောင်း သိရ ပါသည်။
အဆိုပါ ရိုးရာပန်းမျှောပွဲကို ဒိုင်းနက်(ခေါ် )သက္ကမ စာပီနန့် ယဉ်ကျေးမှု အဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဧပြီ ၁၂ ညဇာ ၃ နာရီမှ ရက္ခိုင်မျိုးနွယ်စုများ၏ ရိုးရာအကများဖြင့် စတင်ဖွင့်လှစ်ဖျော်ဖြေလားမည်ဟုဆိုသည်။
ဧပြီ ၁၃ ရက်နိ မိုးထတွင် ဒိုင်းနက်မျိုးနွယ်စုဝင်များမှ ရွာအနောက်ဖက်ဟိ မြောင်ထဲ၌ ပန်းမျှောလားမည် ဖြစ်ကြောင်း သိရသည်။
ပွဲစီစဉ်ကျင်းပရခြင်းမှာရိုးရာဓလေ့များကို မပျောက်ပျက်အောင်ထိန်းသိမ်းရန်နန့်လူတိုင်းသည် အဓိကအားဖြင့် မြီနန့်ရီကို အသုံးပြုရခြင်းဖြစ်၍ ကျမ်းမာရီး၊စားဝတ်နီရီး၊အလုပ်အကိုင်များ အဆင်ပြေစီရန်ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း ပွဲဖြစ် မြောက်ရီးကော်မတီက ပြောသည်။
ဒေနှစ် သျှင်တော်ရွာတွင် ကျင်းပမည့် ပန်းမျှောပွဲကို တခြားရက္ခိုင်မျိုးနွယ်စုဝင်များနန့် အရက်ဖက် အဖွဲ့အစည်း များကိုလေ့ ဖိတ်ကြားထားပြီးအယင်နှစ်များထက် စည်စည်ကားကား ကျင်းပလားမည်ဟုဆိုသည်။
ဒိုင်းနက်(ခေါ်)သက္ကမလူမျိုးများ၏ ရိုးရာပန်းမျှောပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပလိဟိပြီးကုန်ခသည့် နှစ်များက အဆိုပါ ပန်းမျှောပွဲကို ဘူးသီးတောင်၊မင်းပြား၊မြောက်ဦးမြို့နယ်များ၌ ကျင်းပခကြောင်းသိရသည်။
Photo – DMG